နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ဂျကာတာ၊ဧပြီ ၁ ရက်(ဆင်ဟွာ)အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ဌာနချုပ်ဝင်းထဲသို့ ပြေးဝင်သွားသော အကြမ်းဖက်သမားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ TVone ရုပ်သံလိုင်းက ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။
ဂျကာတာ ၊ မတ် ၃၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့(Densus 88) အနေဖြင့် အနောက်ဂျာဗားပြည်နယ် Bekasi ခရိုင်တွင် အကြမ်းဖက်သံသယရှိသူတစ်ဦး နှင့် အရှေ့ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမြို့တော်၏ Kramat Jati ခရိုင်တွင် အခြား အကြမ်းဖက်သံသယရှိသူနှစ်ဦးကို မတ် ၂၉ ရက်တွင် အသီးသီး...
ဂျာကာတာ ၊ မတ် ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း South Sulawesi ပြည်နယ်၏ မြို့တော် Makassar မြို့၏ဆိပ်ကမ်း၌ တည်ရှိသော ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပြင်ဖက်၌ ယနေ့ မတ် ၂၈ ရက် နံနက်ပိုင်းတွင် သံသယဖြစ်ဖွယ် လူနှစ်ဦးသည် အသေခံဗုံးခွဲမှုကျူးလွန်ခဲ့ရာ လူ ၁၄ ဦးထက်မနည်း...
နယူးဒေလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့တွင် မတ် ၂၅ ရက် ညပိုင်း၌ ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး လူ ၃ ဦးမှ ၄ ဦးခန့် ယင်းဆေးရုံထဲတွင် ပိတ်မိနိုင်ကြောင်း...
အစ္စလာမ်မာဘတ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘိုလိုချီစတန်ပြည်နယ် ချာမန်မြို့တွင် မတ် ၂၃ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၄ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆိုးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက မတ် ၂၁ ရက်တွင် ၎င်း၏ အနောက်ဘက်ကမ်းရိုးတန်း ပြင်ပတွင် ခရုစ်ဒုံးကျည် (cruise missile) နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ စစ်တပ်က မတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။
မာလီ ၊ မတ် ၁၆ ရက်(ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ၌ တရုတ်နိုင်ငံ Sinopharm က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုချက်အတည်ပြုခဲ့ကြောင်း မော်လ်ဒိုက် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(MFDA) က မတ် ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။