Connect with us

Asia

“Falcon Strike 2022” တရုတ်-ထိုင်း လေတပ် ပူးတွဲလေ့ကျင့်ရေးဖွင့်ပွဲအခမ်းအနား ကျင်းပ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းဒေသစစ်ဌာနချုပ်၏ ဩဂုတ် ၄ ရက် စစ်ရေးလေ့ကျင့်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/AP)

ဘန်ကောက်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

“Falcon Strike 2022” တရုတ်-ထိုင်း လေတပ် ပူးတွဲလေ့ကျင့်ရေးဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ Udorn လေတပ်အခြေစိုက်စခန်း၌ကျင်းပခဲ့ရာ တရုတ်နှင့် ထိုင်း နှစ်နိုင်ငံ လေတပ်များမှ လေကြောင်းပူးတွဲလေ့ကျင့်ရေးမှူးတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။ ပူးတွဲလေ့ကျင့်ရေးဆိုင်ရာ နှစ်နိုင်ငံ ညွှန်ကြားရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးအရာရှိများနှင့် လေ့ကျင့်မှုတွင် ပါဝင်သော စစ်သည်များ ကိုယ်စားလှယ်များက အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ယခုအကြိမ် ပူးတွဲလေ့ကျင့်မှုသည် တရုတ်နှင့် ထိုင်း လေတပ်များကြား ပဉ္စမအကြိမ်မြောက် ပူးတွဲလေ့ကျင့်မှုဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံမှ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ ကြိုတင်သတိပေးလေယာဉ် စသည်တို့ ပါဝင်လေ့ကျင့်ခဲ့ပြီး ထိုင်းနိုင်ငံမှ တိုက်လေယာဉ်နှင့် ကြိုတင်သတိပေးလေယာဉ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။ ပူးတွဲလေ့ကျင့်မှုတွင် တရုတ်-ထိုင်းနှစ်နိုင်ငံ လေတပ်များအကြား အပြန်အလှန် ယုံကြည်မှု၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းမှုရှိစေရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အတူထိန်းသိမ်းရန်ရည်ရွယ်ပြီး လေကြောင်းအကူအညီပေးရေး၊ မြေပြင်ချေမှုန်းရေး၊ အသေးစားနှင့် အကြီးစား တပ်သား ဖြန့်ကြက်ရေး လေ့ကျင့်မှုများ အဓိကလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပူးတွဲလေ့ကျင့်မှု၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်လာခြင်းက နှစ်ဘက်စစ်ရေးဗျူဟာ အဆင့်များကို မြှင့်တင်ပေးမည်ဖြစ်ပြီး တရုတ်-ထိုင်း နှစ်နိုင်ငံ လေတပ်ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်သို့ ဆက်လက်တက်လှမ်းနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ပူးတွဲလေ့ကျင့်ရေးမှူး ချိန်ကျွင်းက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ လေတပ်စစ်ဆင်ရေးဌာန၏ တိုက်ခိုက်ရေးလေ့ကျင့်မှုရုံးမှ ညွှန်ကြားရေးမှူး Wachirapon Muangnoi က ထိုင်း-တရုတ် ဆက်ဆံရေးသည် ကာလကြာရှည်စွာ တည်ရှိပြီးဖြစ်ကြောင်း၊ ယခုအကြိမ် ပူးတွဲလေ့ကျင့်မှုသည် ထိုင်း-တရုတ် နှစ်နိုင်ငံလေတပ်များ၏ ဆက်ဆံရေးကို ထိန်းသိမ်းပြီး တိုးမြှင့်ပေးနိုင်မည်ဖြစ်သလို နှစ်နိုင်ငံလေတပ်၏ ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရေး စွမ်းရည်ကိုလည်း တိုးမြှင့်စေနိုင်မည်ဖြစ်ကာ ဒေသတွင်း လုံခြုံ‌ရေးနှင့် ကာကွယ်ရေးအဆင့်ကို အားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
“鹰击-2022”中泰空军联合训练开幕
新华社曼谷8月14日电(丁常龙)14日下午,“鹰击-2022”中泰空军联合训练开幕式在泰国乌隆空军基地举行。中泰双方空军联训总指挥分别致开幕辞。联训双方指挥组成员、中国驻泰国使馆人员和参训官兵代表参加了开幕式。
此次联训是中泰两国空军第五次开展联合训练,中方派出歼击机、歼轰机、预警机等参训,泰方派出歼击机、预警机等参训。联训主要进行空中支援、对地突击、小规模和大规模兵力运用等课目,旨在增进中泰两国空军互信和友谊,深化务实合作,共同维护地区安全稳定。
中方联训总指挥陈军表示,随着联训的深度和广度不断深化拓展,必将提升双方技战术水平,续写中泰两国空军友谊合作新篇章。泰国空军作战部作战训练办公室主任瓦驰拉鹏表示,泰中友谊源远流长,此次联训将维护和增进泰中两国空军的友好关系,提高双方空军的联合、协同能力,强化地区安全防卫水平。(完)