ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလ အစောပိုင်း၌ ကျင်းပရန်လျာထားသော တရုတ် နိုင်ငံတကာဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးပြပွဲအတွက် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ ယင်းပြပွဲတွင် အွန်လိုင်းရော အော့ဖ်လိုင်း (offline) ပါ ပြပွဲများပါဝင်မည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အဆင့်မြင့်ပညာရေးကဏ္ဍတွင် အဓိကပြုပြင်ပြောင်းလဲမှုများ၊ အကဲဖြတ်နည်းလမ်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် မိခင်ဘာသာစကားဖြင့် သင်ကြားသည့် ကလေးငယ်များ၏ အခြေခံ ပညာသင်ကြားမှုများ ပါဝင်သော ပညာရေးမူဝါဒသစ်ကို အိန္ဒိယနိုင်ငံ အစိုးရက ဇူလိုင်၂၉ရက်တွင် အတည်ပြု ထုတ်ပြန်လိုက်ကြောင်း သိရသည်။
စင်ကာပူ ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက အမေရိကန်နိုင်ငံ Atlantic Council နှင့် ကျင်းပ ပြုလုပ်သည့် ဗီဒီယို အစည်းအဝေး တွင် နောက်လာမည့် ရွေးကောက်ပွဲ တွင် အနိုင်ရရှိသည့် အမေရိကန် နိုင်ငံ သမ္မတ...
နယူးဒေလီ ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်အတွင်းရှိ ခရိုင် ၁၁ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၁ ဒသမ ၅ သန်းနီးပါး ရေဘေးကြုံတွေ့ခဲ့ရကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန၏ ဇူလိုင် ၂၆ ရက်...
စင်ကာပူ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း(Lee Hsien Loong)က ဇူလိုင် ၂၅ ရက်တွင် အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ဝင် အမည်စာရင်းသစ်ထုတ်ပြန်ခဲ့ရာ ဝန်ကြီးချုပ် တာဝန်ကို လီရှန်လွန်း( Lee Hsien Loong)က ဆက်လက်ထမ်းဆောင်မည်ဖြစ်ပြီး Heng Swee Keatက...
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ယခုကာလများအတွင်း ရေကြီးရေလျှံခြင်းနှင့် တောင်မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် သေဆုံးသူ ဦးရေသည် ဇူလိုင် ၂၁ ရက်အထိ ၁၁၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) နှင့် တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယားတို့ပါဝင်သော ((ASEAN+3) နိုင်ငံများအနေဖြင့် COVID-19 သက်ရောက်မှုကို လျှော့ချရန်နှင့် နာလန်ထူမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးလုပ်ဆောင်နေစဉ် ရောဂါကိုင်တွယ်ဆောင်ရွက်မှု တိုးတက်စေရန်နှင့်အညီ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြောင်း...
ဒါကာ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရာများစွာ၌ ရေကြီးရေလျှံမှုများကြောင့် လူ ၂၁ ဦး သေဆုံးပြီး လူပေါင်း ၂ဒသမ၆ သန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ကြောင်းနှင့် အိမ်ထောင်စုရာနှင့်ချီ ကို နေရပ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ဂျကာတာ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီ(South Sulawesi)ပြည်နယ် Kabupaten Luwu Utaraခရိုင်တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံးပြောရေးဆိုခွင့်ရှိသူ Hamsidarက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဇူလိုင် ၁၈ ရက်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး လူ ၆၇ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အခြားသူ ၁၄,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းနေထိုင်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။