Connect with us

Asia

တောင်ကိုရီးယား သမ္မတအသစ်က မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးရန် တံခါးဖွင့်ထားမည်ဟု ပြောကြား

တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုအား ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်၌ မတ် ၁၀ ရက်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို (Yoon Suk-yeol)က ၎င်း၏ အစိုးရအဖွဲ့သစ်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် မြောက်ကိုရီးယားနိုင်ငံ(DPRK) နှင့် ‌တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားမည် ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။သမ္မတ ယွန်းဆက်ယိုက ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ကျင်းပခဲ့သည့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌ ၎င်း၏ အစိုးရအဖွဲ့သည် နိုင်ငံတကာအသိုက်အဝန်း နှင့်အတူ စည်းလုံးညီညွတ်မှုမှတစ်ဆင့် အာမခံချက်ပေးနိုင်သည့် ခိုင်မာပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအား ဖန်တီးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ငါးနှစ်ကြာ သမ္မတသက်တမ်းအား စတင်ခဲ့သည့် ယွန်းဆက်ယိုက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားတိုးတက်ဖြစ်ပေါ်မှုဆိုင်ရာ ငြိမ်းချမ်းသော ဆုံးဖြတ်ချက်အတွက် ဖွင့်လှစ်ထားသည့် တံခါးက ထွက်ခွာမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

သမ္မတ ယွန်းဆက်ယိုက “တကယ်လို့ မြောက်ကိုရီးယား(DPRK)က နျူကလီးယားတိုးတက်ဖြစ်ပေါ်မှုကို ရပ်တန့်ပြီးတော့ နျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက်လို့ အမှန်တကယ်စတင်လုပ်ဆောင်နေတယ်ဆိုရင် မြောက်ကိုရီးယားရဲ့ စီးပွားရေး နဲ့ ပြည်သူတွေအတွက် လူနေမှုဘဝတွေ သိသိသာသာတိုးတက်ကောင်းမွန်လာနိုင်တဲ့ ရဲရင့်တဲ့အစီအစဉ်တစ်ခုကို တင်ပြဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ လုပ်ဆောင်ဖို့ ကျွန်တော်တို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

သမ္မတက နျူကလီးယားကင်းစင်ရေးသည် ကိုရီးယားကျွန်းဆွယ်အတွက် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးအား ယူဆောင်လာရုံသာမက အာရှ နှင့် ကမ္ဘာအား ငြိမ်းချမ်းရေး နှင့် ချမ်းသာဝပြောရေးအတွက် ကြီးမားစွာ အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ (Xinhua)
——————–
(English Version)

S.Korea’s new president says to open door to dialogue with DPRK

SEOUL, May 10 (Xinhua) — South Korean President Yoon Suk-yeol said Tuesday that his new government will open door to dialogue with the Democratic People’s Republic of Korea (DPRK) to peacefully resolve the Korean Peninsula’s nuclear issue.

Yoon said at his inaugural ceremony, held in the National Assembly in Seoul, that his government will create lasting, sustainable peace which can be guaranteed through solidarity with the international community.

Yoon, who started his single five-year term, vowed to leave the door open for the peaceful resolution of the DPRK’s nuclear development.

“If North Korea (DPRK) stops nuclear development and genuinely embarks on denuclearization, we will be prepared to work with the international community to present an audacious plan that can dramatically improve North Korea’s economy and the quality of life for its people,” Yoon said.

The president noted that the denuclearization will “greatly contribute” to bringing sustainable peace to the peninsula as well as peace and prosperity to Asia and the world. Enditem

Photo – President-elect Yoon Suk-yeol speaks during a press conference at the National Assembly Library in Seoul, South Korea, March 10, 2022. (Photo by James Lee/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.