ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်း ၂၀၁၉ ခုနှစ်ထက် ပို၍ များစွာကျဆင်းနိုင်သည်ဟု ခန့်မှန်းပြီး ၎င်းမှာ ငါးနှစ်ဆက်တိုက် စံချိန်တင် ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး အီလက်ထရောနစ် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော ဆမ်ဆောင်း(Samsung) ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ လီကွမ်ဟီး(Lee Kun-hee) သည် ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် အသက် ၇၈ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏...
ဟနွိုင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် အောက်တိုဘာလ အစောပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ကာ လူပေါင်း ၁၁၇ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ...
ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ကပ်ဘေးဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကျော်ကြာပြီဖြစ် သော်လည်း နျူကလီးယား ရေညစ်ညမ်းမှုအရေးကိစ္စကိုမဖြေရှင်းနိုင်သေးပေ။ ဂျပန်မီဒီယာများ၏သတင်းအရ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓါတ်အားပေးစက်ရုံရှိ သိုလှောင်ထိန်းသိမ်းထားသော နျူကလီးယားစွန့်ပစ်ရေဆိုးသည် ပြည့်လုနီးပါရှိပြီဖြစ်ရာ ဂျပန်နိုင်ငံအစိုးရက ပင်လယ်ထဲသို့ လွှတ်ထုတ်ရန် ယခုရက်ပိုင်းများတွင်...
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ လေးထပ်အဆောက်အဦတစ်ခုတွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံမှ ခရီးသွားအုပ်စုသည် ပထမဆုံးအသုတ်အဖြစ် အောက်တိုဘာ ၂၀ ရက် ညနေတွင် ဘန်ကောက်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ဒါကာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံက တည်ဆောက်လျက်ရှိသည့် Padma တံတား၏ ၃၃ ခုမြောက် တံတားအပိုင်းကိုတပ်ဆင်ခဲ့ပြီး တံတားတည်ဆောက်မှု ၅ ကီလိုမီတာနီးပါးအထိ ရောက်ရှိလာပြီကို အောက်တိုဘာ ၁၉ ရက်က မြင်တွေ့နိုင်ပြီဖြစ်သည်။
ဟနွိုင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Tri ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သား ၁၄ ဦးသေဆုံးသွားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA) က ဖော်ပြခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပြီးခဲ့သည့်ရက်အနည်းငယ်က သဘာဝဘေး အန္တရာယ်များကြောင့် လူ ၆၂ ဦး သေဆုံးကာ ၅ ဦးပျောက်ဆုံးနေကြောင်း သဘာဝဘေး တားဆီးထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီယားနိုင်ငံရှိ မြို့ကြီးနှင့် ပြည်နယ် ၂၅ ခုအနက် ၁၉ ခုတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၃ ဦး သေဆုံး၍ ၁၂, ၃၇၆ ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။