နယူးဒေလီ ၊ မတ် ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ ၄ ရက်ကြာဖြစ်ပွားခဲ့သော လူအုပ်စုအကြား ပဋိပက္ခများအတွင်း မတ် ၁ ရက်နေ့အထိ သေဆုံးသူ ၄၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ကွာလာလမ်ပူ ၊ မတ် ၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ယခင်ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည့် မူရီဒင်ယာစင် (Muhyiddin Yassin)က ယနေ့မတ် ၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ပထမအသုတ်အနေဖြင့် အီရန်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟွာက ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အချို့ဒေသများ၌ ဖေဖော်ဝါရီ ၂၅ ရက်မှ၂၆ရက် အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးကာ လူပေါင်း ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က လေထုအရည်အသွေး ဆိုးဝါးလာသဖြင့် မြို့တော်စီမံအုပ်ချုပ်မှု (BMA) အောက်ရှိ စာသင်ကျောင်းများအားလုံးကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်ရှိ မြစ်တစ်စင်း အတွင်းသို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ထိုးကျတိမ်းမှောက်ခဲ့သဖြင့် လူ ၂၅ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ...
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အငြင်းပွားဖွယ်နိုင်ငံသားဥပဒေတစ်ခုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ဒေလီမြို့တော်၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ပဋိပက္ခများအား ထိန်းသိမ်းရန် ညမထွက်ရအမိန့်ထုတ်ပြန်ပေးရေး နှင့် စစ်တပ်ချထားပေးရေး အတွက် နယူးဒေလီမြို့တော်ဝန်ကြီးချုပ် Arvind Kejriwal က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
ဂျကာတာ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်၌ အငြင်းပွားဖွယ်နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဒေလီမြို့အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်(CAA) အပေါ် ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ပဋိပက္ခအတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)