ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှု ပိုမိုအဆင်ပြေချောမွေ့မှုများမှတစ်ဆင့် နိုင်ငံများအားလုံးနှင့်အတူ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အား ခိုင်မြဲစွာဆက်လက်လုပ်ဆောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ မျှဝေရန် ဇွန်လ ၁၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စီးပွားရေးနှင့် ကုန်သွယ်ရေးပြဿနာရပ်များနှင့် ပတ်သက်၍ ပြောကြားရာတွင် အပြန်အလှန်လေးစားမှုနှင့် ဘက်ပေါင်းစုံပါဝင်သော ကုန်သွယ်မှု စည်းမျဉ်းများအား စောင့်ထိန်းမှုများအပေါ်အခြေခံ၍ ညီမျှသော ဆွေးနွေးညှိနှိုင်းမှုအတွက် ဇွန်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ဒူရှန်းဘီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ က အာရှနိုင်ငံများနှင့် ၎င်းတို့၏ မိတ်ဖက်နိုင်ငံများအား အများနှင့်ဆိုင်သော၊ ဘက်စုံပြည့်စုံသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့မှုရှိသော လုံခြုံရေးအား စောင့်ထိန်းရန်နှင့် အာရှအတွက် စုပေါင်းလုံခြုံမှုအား နားလည်သဘောပေါက်ရန် အာရှသွင်ပြင်လက္ခဏာများဖြင့် ဒေသတွင်းလုံခြုံရေး ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုအား ဖော်ထုတ်ရန် ဇွန်လ ၁၅...
နယူးဒေလီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ခန်ဟွာပြည်နယ်တွင် ဇွန်လ ၁၄ ရက်က ပျံသန်းမှုလေ့ကျင့်ခန်း ပြုလုပ်စဉ် စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဘစ်ရှ်ကက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား နီးကပ်သော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး တွန်းအားပေးလုပ်ဆောင်ရေး အိန္ဒိယနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်း ဇွန်လ ၁၃ ရက်က ပြောကြားလိုက်သည်။
ဒူရှန်ဘီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ တာဂျစ်ကစ္စတန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မတိုင်မီ သမ္မတရှီ ရေးသားသော “ရှီကျင့်ဖိန် – တရုတ် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်ကို တာဂျစ်ဘာသာစကားဖြင့် ပထမဆုံးအကြိမ်အဖြစ် တရုတ်-တာဂျစ်ကစ္စတန် နှီးနှောဖလှယ်ပွဲတစ်ခုတွင် ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သိရသည်။
ဘီရှ်ကတ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား ကာဂျစ်စတန်နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ် (Sooronbay Jeenbekov) က ကာဂျစ်စတန်နိုင်ငံ ၏ အမြင့်ဆုံးဆု တံဆိပ်ဖြစ်သော Manas Order ဆုအားချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
ဘစ်ရှ်ကက်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဂျစ်စတန်နိုင်ငံ သမ္မတ ဆူရွန်ဘေ ဂျင်ဘီကော့ဗ် (Sooronbay Jeenbekov) တို့သည် ဇွန်လ ၁၃ ရက်တွင် ဘစ်ရှ်ကက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့နိုင်ငံအသီးသီး၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးအား မြင့်မားသော အဆင့်သစ်သို့ တက်လှမ်းရန်...
မွမ်ဘိုင်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ဇွန် ၁၂ ရက်တွင် ယင်းမြို့၏ Churchgate ရထားဘူတာရုံ၌ အသက် ၆၂ နှစ်အရွယ် အဖိုးအိုတစ်ဦးသေဆုံးသွားပြီး ၊ တစ်ချိန်တည်းမှာပင် Bandra ဆင်ခြေဖုံးရပ်ကွက်၌ အမျိုးသမီးကြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။