Connect with us

Asia

ထိုင်းနိုင်ငံ ဖူးခက်ရှိ ဒေသခံ ၆၀ ရာခိုင်နှုန်းကျော် COVID-19 ကာကွယ်ဆေးထိုးနှံပြီးဖြစ်၍ ကျွန်းကို ပြန်လည်ဖွင့်လှစ်ရန် အသင့်ဖြစ်နေ

ထိုင်းနိုင်ငံရှိ ဖူးခက်ကျွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်းရှိ ဒေသခံ ၆၃ ရာခိုင်နှုန်းခန့်သည် ပထမအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးဖြစ်၍ ဇူလိုင် ၁ ရက်တွင် ကျွန်းအား ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန် ၁၇ ရက်၌ ပြောကြားခဲ့သည်။ဖူးခက်တွင် နေထိုင်သူ ၃၄၆,၈၅၅ ဦးသည် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်ကာ ကျွန်းရှိလူဦးရေး ၆၃.၃ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Opas Kankawinphong က အတည်ပြုပြောခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက်ကျွန်းတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော စုစုပေါင်း ၃၈၃,၃၀၈ ဦးကို ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ထားကြောင်း၊ ယခုလအတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ဆေးထိုးနှံခြင်းကို ဩဂုတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဌာနအကြီးအကဲက ပြောသည်။

အစိုးရက ဆောင်ရွက်နေသော COVID-19 အခြေအနေစီမံခန့်ခွဲမှုဦးစီးဌာနစင်တာမှ ချမှတ်ထားသော ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များအရ ကာကွယ်ဆေးထိုးပြီးချိန် ၁၄ ရက်ထက်မနည်းရှိသူ သို့မဟုတ် မိခင်နိုင်ငံတွင် ၇၂ နာရီအတွင်း ရောဂါပိုးမရှိကြောင်း စစ်ဆေးထားပြီးသူ နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ဇူလိုင် ၁ ရက်မှစ၍ ဖူးခက်ကျွန်းသို့ လာရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ဖူးခက်ကျွန်းတွင် ၁၄ ရက် ဆက်တိုက်နေထိုင်ပြီးနောက် ထိုင်းနိုင်ငံရှိ အခြားသောနေရာများသို့ သွားရောက်နိုင်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Over 60 pct of Thailand’s Phuket residents given COVID-19 vaccine as island ready to reopen

BANGKOK, June 17 (Xinhua) — About 63 percent of residents in southern Thailand’s Phuket island have received their first shot of a COVID-19 vaccine as the island is scheduled to reopen on July 1, said a senior government official on Thursday.

Disease Control Department Director General Opas Kankawinphong confirmed in a press briefing that 346,855 residents of Phuket have been so far given the first shot of COVID-19 vaccine, accounting for 63.3 percent of the island province’s population.

The southern island province has planned to have a total of 383,308 people, accounting for 70 percent of its population, injected with a vaccine against the coronavirus with the first shot to be given within this month and the second shot within August, the department chief said.

According to anti-pandemic measures set by the Center for the government-run COVID-19 Situation Administration (CCSA), foreign travelers, who may have been fully vaccinated for no less than 14 days and tested negative for no more than 72 hours in their home country, may visit the island from July 1 onwards.

Those vaccinated visitors may leave Phuket for other destinations in Thailand after they have spent a period of 14 consecutive days on the tourist island. Enditem
Photo : Aerial photo taken on Sept. 14, 2020 shows the view of Phuket, Thailand. (Xinhua/Zhang Keren)