ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နေရာအချို့တွင် ဇန်နဝါရီလ ၂၂ ရက်က အန္တရာယ်ရှိ လေထုညစ်ညမ်းစေသော ပစ္စည်းများ ပါဝင်နေသည့် မီးခိုးမြူများ ဆိုးဝါးစွာဖုံးလွှမ်းနေကြောင်း သိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်တွင် ဇန်နဝါရီလ ၂၂ ရက်က အဝေးပြေးရထားတစ်စင်းနှင့် ပစ်ကပ်ကားတစ်စီး တိုက်မိသောကြောင့် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် ၎င်း၏ မိခင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ တိရစ္ဆာန်ရုံအတွင်း ခြင်္သေ့ကိုက်ဖဲ့ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၂၁ ရက်က ပြောကြားလိုက်သည်။
တိုကျို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခါဘူကီချိုခရိုင် တွင် ဇန်နဝါရီ ၂၁ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ပါရှိသည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Hubခရိုင် တွင် ဇန်နဝါရီ ၂၁ရက် ညနေပိုင်းက ဆီသယ်ယာဉ် နှင့် ဘတ်စ်ကားတိုက်မိရာ သေဆုံးသူဦးရေသည် ၂၆ဦးအထိ မြင့်တက်လာကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျာကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း East Nusa Tenggara ပြည်နယ် တွင် ဇန်နဝါရီ ၂၂ရက် က အင်အား ၆.၂ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီဖြစ်ပေါ်နိုင်ခြေမရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပ ဌာနကပြောကြားခဲ့သည်။
ဒါကာ ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာဆေးကောလိပ်ဆေးရုံ(DMCH)၌ နှစ်နှစ်ခွဲကျော်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ၂ဝ၁၈ ခုနှစ် မေလတွင် ဆေးရုံမှ ဆင်းခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား “ သစ်ပင်လူသား” သည် ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တစ်ရက်ပြီးတစ်ရက် ပြန်လည်ဆိုးဝါးလာသဖြင့် နောက်တစ်ကြိမ် ဆေးရုံတက်ရောက် ကုသမှု ခံယူနေရကြောင်း...
ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက...
တိုကျို ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမှ အသက် ၁၁၃ နှစ်အရွယ် လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အဖိုးအို မာဆာဇိုနိုနာကာ ( Masazo Nonaka) သည် ဇန်နဝါရီ ၂ဝ ရက်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျပန်မီဒီယာက ရေးသားဖော်ပြခဲ့သည်။
ဂျကာတာ ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ) မကြာသေးခင်က ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာဘောလုံးပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်း ရလဒ်များမကောင်းခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ချုပ်(PSSI) ဥက္ကဋ္ဌ အက်ဒီရာမယတ်ဒီ (Eddy Rahmayadi) သည် ယနေ့ဇန်နဝါရီ ၂ဝ ရက်တွင် ဘာလီမြို့၌ ကျင်းပသည့် ဘောလုံးအဖွဲ့ချုပ်ညီလာခံတွင် ၎င်းအနေဖြင့် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။