Connect with us

Asia

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ BJP ပါတီ ရွေးကောက်ပွဲတွင်အနိုင်ရ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ နှင့် BJP ပါတီဥက္ကဋ္ဌ အမစ်ရှားတို့ နယူးဒေလီရှိ BJP ပါတီဌာနချုပ်တွင်မေလ ၂၃ ရက်ညက ပါတီထောက်ခံသူများနှုတ်ဆက်နေကြစဉ်။(ဆင်ဟွာ)

နယူးဒေလီ၊ မေ ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံံအတွင်းကျင်းပပြီးစီးခဲ့သော ၁၇ ကြိမ်မြောက်အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယဝန်ကြီး ချုပ်မိုဒီ၏ ဘာရာတီယာ ဂျာနာတာ ပါတီ (Bharatiya Janata Party –BJP) ပါတီက အနိုင်ရရှိသွားခဲ့ ကြောင်းရွေးကောက်ပွဲကော်မရှင်(ECI)က၎င်း၏လက်ကိုင်ဖုန်း application မှတစ်ဆင့်မေလ ၂၄ ရက် နံနက် ကထုတ်ပြန်ကြေညာခဲ့သည်။

ECI ၏စာရင်းဇယားများအရ BJP ပါတီအနေဖြင့်အစိုးရအဖွဲ့ ဖွဲ့ရန်လိုအပ်သော၊စုစုပေါင်းအမတ်နေရာ ၏ထက်ဝက်ဖြစ်သည့်အမတ်နေရာ ၂၇၂ နေရာကို ကျော်လွန် အနိုင်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ BJP ပါတီအမတ်များအနေဖြင့်ကျန်ရှိသေးသောမဲဆန္ဒနယ် ၃၁ နယ်တွင်လည်း ဦးဆောင်လျက်ရှိကြရာ ပါတီ၏အနိုင်ရမဲဆန္ဒနယ် အရေအတွက်မှာထပ်မံတးိုမြင့်လာဖွယ်ရှိကြောင်းလည်းသိရသည်။

အိန္ဒိယဝန်ကြီး ချုပ် နာရန်ဒြာမိုဒီ ကနယူးဒေလီမြို့ရှိ ပါတီဌာနချုပ်တွင် BJP ပါတီထောက်ခံသူများအား တွေ့ဆုံရာတွင် BJP ပါတီအနေဖြင့်အိန္ဒိယနိုင်ငံသစ်ထူထောင်ရန်အတွက်ပြည်သူကပေးအပ်သောအာ ဏာကိုရရှိခဲ့ကြောင်း၊၁ ဒသမ ၃ ဘီလီယံရှိအိန္ဒိယပြည်သူများကိုအသိအမှတ်ပြုကြောင်း၊၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်နှင့်ရွေးကောက်ပွဲအားငြိမ်းချမ်းစွာကျင်းပနိုင်ရေးတာဝန်ယူခဲ့ကြ သောလုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များအားလုံးကိုကျေးဇူးတင်ပါကြောင်းပြောခဲ့သည်။

BJP ပါတီအနေဖြင့် ပြည်နယ် ၁၇ ခုတွင်ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်အောင် ရရှိနိုင်ခဲ့သော်လည်း အဓိကအတိုက်အခံပါတီဖြစ်သော အိန္ဒိယအမျိုးသားကွန်ဂရက် (Indian National Congress-INC) ပါတီမှာပြည်နယ်တော်များများတွင် မဲဆန္ဒနယ်တစ်နယ်ပင်မနိုင်သောအခြေအနေရောက်ခဲ့ရကြောင်း သိရသည်။ INC ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ကလည်းရွေးကောက်ပွဲရှုံးနိမ့်မှုအားဝန်ခံပြောကြားခဲ့ ကာ ဝန်ကြီးချုပ်မိုဒီနှင့်ပါတီ အားအောင်မြင်မှုအတွက် ချီးကျူးပြောကြားခဲ့သည်။ (Xinhua)