ဘစ်ကက်ရှ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) က ကာဂျစ်စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဧရာမအခွင့်အလမ်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ကာဂျစ်စတန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ ကာဂျစ်စတန်-တရုတ် ဆက်ဆံရေးသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သလို ယနေ့ခေတ်တွင်မူ ထိုအရာများမှာ မဟာဗျူဟာ...
ဘန်ကောက်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြို့လယ်ရှိ နာမည်ကျော်ဈေးဝယ်စင်တာတစ်ခုတွင် လူ ၂ ဦးသေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခရီးသွားဧည့်သည်များအကြား ဘေးကင်းမှုသေချာစေရန်နှင့် ယုံကြည်မှုပြန်လည်ရရှိရန် အစီအစဉ်များဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက်၌ ပြောကြားခဲ့သည်။ ထိုင်းအစိုးရအနေဖြင့်...
တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိဇုကျွန်းစုတောင်ဘက်တွင် အောက်တိုဘာ ၅ ရက်၌ ကနဦးတိုင်းတာချက်အရ ပြင်းအား ၆.၆ အဆင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။ အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၁:၀၉ နာရီက...
တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် အကြီးအကျယ်ပျက်စီးမှုရှိနေသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားညစ်ညမ်းရေများကို အောက်တိုဘာ ၅ ရက်တွင် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုတိယအကြိမ် စတင်စွန့်ထုတ်ခဲ့ကြောင်း သိရသည်။ ဒေသခံ ငါးဖမ်းသမားများနှင့် အခြားနိုင်ငံများက စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်မှုရှိနေသော်ငြားလည်း ရေဆိုးများ စွန့်ထုတ်မှုကို ဒေသစံတော်ချိန်...
ဂယ်လီ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံတွင် ကုလားမခြေထောက်ဖြင့် ငါးဖမ်းနည်းသည် ထူးခြားသော ငါးဖမ်းနည်းလမ်းတစ်ခုဖြစ်သည်။ အဆိုပါ နည်းလမ်းဖြင့် ငါးဖမ်းရာတွင် ဒေသခံတံငါသည်များသည် ကမ်းမှ မီတာအနည်းငယ်ဝေးကွာသော သဲပေါ်တွင် ဒေါင်လိုက်စိုက်ထူထားသော တိုင်၌ ချည်ထားသည့် ကန့်လန့်တန်းတစ်ခုပေါ်တွင် ထိုင်ကာ ငါးဖမ်းခြင်းဖြစ်သည်။ ငါးဖမ်းမည့်သူသည် ထိုပုံစံအနေအထားမှ...
ဖနွမ်းပင်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဖနွမ်းပင်-Sihanoukville အဝေးပြေးလမ်းကို ယမန်နှစ် နိုဝင်ဘာလက အများပြည်သူဖြတ်သန်းသွားလာရန် တရားဝင်ဖွင့်လှစ်ပြီးချိန်မှစ၍ ၁၁ လတာကာလအတွင်း မော်တော်ယာဉ်ဖြတ်သန်းသွားလာမှု ၄.၂ သန်းကျော် ရှိခဲ့ကြောင်း ကမ္ဘောဒီးယား အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃ ရက်၌ ပြောကြားခဲ့သည်။ “၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ...
ဘန်ကောက်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အောက်တိုဘာ ၃ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆယ်ကျော်သက်အရွယ် သံသယ တရားခံတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က...
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယအစိုးရက ကနေဒါသံတမန် ၄၁ ဦးကို နေရပ်နိုင်ငံသို့ ပြန်သွားရန် တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်ကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းမှာ အိန္ဒိယနှင့်ကနေဒါ နှစ်နိုင်ငံအကြား ကနေဒါနိုင်ငံသား ဆစ်ခ်ဘာသာဝင်တစ်ဦး သေနတ်ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ဖြစ်ပွားသည့် သံတမန်စစ်ပွဲ တစ်ဆင့်ထပ်တိုးအရှိန်မြင့်တက်လာခြင်း ဖြစ်သည်။...
ဂျကာတာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ၈ နှစ်ကြာ တည်ဆောက်ခဲ့သည့် မြန်နှုန်းမြင့်ရထားလမ်းသည် ယခုအခါ တရားဝင် လည်ပတ်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ပူးပေါင်းတည်ဆောက်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်စီမံကိန်း ဖြစ်သလို အင်ဒိုနီးရှားပြည်သူများ၏...
ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တရားဝင်စတင် လည်ပတ်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက မြို့တော်ဂျကာတာရှိ Halim ဘူတာရုံတွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက ကြေညာခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၏...