ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယအစိုးရက ကနေဒါသံတမန် ၄၁ ဦးကို နေရပ်နိုင်ငံသို့ ပြန်သွားရန် တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်ကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းမှာ အိန္ဒိယနှင့်ကနေဒါ နှစ်နိုင်ငံအကြား ကနေဒါနိုင်ငံသား ဆစ်ခ်ဘာသာဝင်တစ်ဦး သေနတ်ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ဖြစ်ပွားသည့် သံတမန်စစ်ပွဲ တစ်ဆင့်ထပ်တိုးအရှိန်မြင့်တက်လာခြင်း ဖြစ်သည်။...
ဂျကာတာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ၈ နှစ်ကြာ တည်ဆောက်ခဲ့သည့် မြန်နှုန်းမြင့်ရထားလမ်းသည် ယခုအခါ တရားဝင် လည်ပတ်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ပူးပေါင်းတည်ဆောက်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်စီမံကိန်း ဖြစ်သလို အင်ဒိုနီးရှားပြည်သူများ၏...
ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တရားဝင်စတင် လည်ပတ်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက မြို့တော်ဂျကာတာရှိ Halim ဘူတာရုံတွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက ကြေညာခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၏...
ဖနွမ်းပင်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အာဏာပိုင်များက ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း နိုင်ငံခြားသား ၃၃၁ ဦး အပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်၍ သံသယရှိသူ ၁၄,၇၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနက အောက်တိုဘာ...
ဟနွိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုနှင့် တောင်မြေပြိုမှု ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၂၄ ရက်မှစ၍ သေဆုံးသူ ၄ ဦး၊ ပျောက်ဆုံးနေသူ ၄ ဦး ၊ ဒဏ်ရာရရှိသူ ၉...
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၊ Balochistan ပြည်နယ်၊ Mastung ခရိုင်၌ စက်တင်ဘာ ၂၉ရက်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး အခြားသူ ၄၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ...
ဒါကာ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ပေကျင်းမြို့အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လာမည့် ၅ နှစ်တာကာလအတွင်း ရာသီဥတုနှင့် ဆက်စပ်သော စီမံကိန်းများ၌ အဓိက အသုံးပြုရန် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ချေးငွေထုတ်ပေးမည် ဖြစ်ကြောင်း...
ဟန်ကျိုး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဟန်ကျိုး အာရှ အားကစားပွဲ ဝူရှူးပြိုင်ပွဲ၏ အမျိုးသမီး ဝူရှူး ဓားသိုင်း (ကျန့်စု)၊ လှံသိုင်း (ချန်းစု) ဘက်စုံ စွမ်းရည် ဗိုလ်လုပွဲကို စက်တင်ဘာ ၂၇ ရက်က ဟန်ကျိုးမြို့ ရှောင်းဆန်း ကွားလိ ယဉ်ကျေးမှုနှင့်အားကစားစင်တာတွင် ကျင်းပလျက်ရှိသည်။...
ဘန်ကောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားဈေးကွက် ပြန်လည်နိုးကြားလာစေရန် လတ်တလောဆောင်ရွက်မှုအနေဖြင့် တရုတ်နိုင်ငံမှ ဗီဇာကင်းလွတ်လေကြောင်းခရီးစဉ် ပထမအသုတ်ကို စက်တင်ဘာ ၂၅ ရက်က နွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့မှ ခရီးသည်ဦးရေ ၃၄၁ ခန့်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက...
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ခရီးသည်တင်ရထားတစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ကယ်ဆယ်ရေးအဖွဲ့ဖြစ်သော Rescue 1122 မှ သိရသည်။