ဟနွိုင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်အတွက် အမြင့်ဆုံးအခွင့်သာစေမည့် ကတိကဝတ်နှင့် အာမခံချက်များရရှိရန် အမေရိကန် တာဝန်ရှိသူများနှင့်ပြုလုပ်နေသော စည်းကြပ်ခွန်ကိစ္စညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအား ဝန်ကြီးချုပ် ဖန်မင်းချင်က ညွှန်ကြားထားသည်။ ဘက်စုံ ဟန်ချက်ညီ၍ ရေရှည်တည်တံ့သော ကုန်သွယ်ရေးသဘောတူညီချက်များရရှိသည်အထိ ရည်မှန်းဆွေးနွေးကြရန် ဝန်ကြီးချုပ်က...
ဘန်ကောက်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) တာဝန်ယာယီရပ်ဆိုင်းထားခံရသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ခြင်း၌ ပါဝင်ပတ်သက်မှုကို ဩဂုတ် ၂၉ ရက်တွင် စီရင်ချက်ချ မည်ဟု ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ် ၁၃ ရက်၌ အသိပေးချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်...
ဖနွမ်းပင်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်က ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ ကမ္ဘောဒီးယားရွာတစ်ရွာ၌ သံဆူးကြိုးနှင့် တာယာများ တပ်ဆင်ထားရာ နှစ်နိုင်ငံရရှိထားသည့် အပစ်ရပ်မှုစာချုပ်နှင့် သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းအရန်တပ်ဖွဲ့နှင့်...
ဘန်ဒါဆရီဘီဂါဝမ်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ မြို့တော်ဘန်ဒါဆရီဘီဂါဝမ်အနီးရှိ ကမ်ဖွန်းဘီလင်ဘင်းရွာတွင် မဂ္ဂါဝပ် ၃၀ ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် အုတ်မြစ်ချပွဲအခမ်းအနားကို ဩဂုတ် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ဒေသတွင်း နေ့စဉ်သတင်းစာ Borneo Bulletin က နိုင်ငံ၏ သန့်စင်သော စွမ်းအင်စီမံကိန်းတွင်...
ဖနွမ်းပင်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ရော်ဘာစေးတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၆၆ သန်း ရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက် ၁ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ကြောင်း ဩဂုတ် ၁၂ ရက်က...
ဆိုးလ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် ညသန်းခေါင်တွင် သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီးအား ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဘီဟာပြည်နယ်တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လူ ၁.၇ သန်းကျော် ရေဘေးသင့်နေကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) သီရိလင်္ကာ အစိုးရအဖွဲ့ဝန်ကြီးများသည် လူထုအကျိုးပြုဝန်ဆောင်မှုများလုပ်ကိုင်အတွက် ဝန်ထမ်းပေါင်း ၆၂,၀၀၀ နီးပါး အလုပ်ခန့်ထားရန် အတည်ပြုလိုက်ကြောင်း သမ္မတ Anura Kumara Dissanayake က သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) တစ်ပိုင်းလျှပ်ကူးပစ္စည်းလိုအပ်ချက် မြင့်မားနေမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ထုတ်ကုန် တင်ပို့မှု ၆ လဆက်တိုက် မြင့်တက်လျက်ရှိကြောင်း သြဂုတ် ၁၃ ရက် တွင် ထုတ်ပြန်သည့် အစိုးရသတင်းအချက်အလက်များအရ သိရသည်။
ကွာလာလမ်ပူ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) မလေးရှား နိုင်ငံ၏ လုပ်သားစျေးကွက်သည် ပထမနှစ်ဝက်တွင် ဆက်လက်တိုးတက်မှုများရှိခဲ့ပြီးနောက် ပြင်ပ အတားအဆီးများစိန်ခေါ်မှုများအလယ်တွင် ဆက်လက်ကြံ့ကြံ့ခံ့နိုင်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း ထားသည်။