Connect with us

Asia

ဘရူနိုင်းလေကြောင်းလိုင်း က Samsung Galaxy Note 7 အသုံးပြုခြင်းအား တားမြစ်

Samsung Galaxy Note 7 အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ဒါ ဆရီ ဘီဂါဝမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

Samsung Galaxy Note 7 ၏ ဘက်ထရီချို့ယွင်းချက်ကြောင့် ကမ္ဘာ့အနှံ့တွင်ပြန်လည်သိမ်းဆည်းနေသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘရူနိုင်းနိုင်ငံ လေကြောင်းလိုင်း Royal Brunei (RB) က ၎င်း၏ လေယာဉ်များပေါ်တွင် မီးလောင်မှု ဖြစ်ပွားတတ်သည့် Samsung Galaxy Note 7 စမတ်ဖုန်း အသုံးပြုခြင်းအား တားမြစ်ခဲ့ကြောင်း သိရသည်။

RB လေကြောင်းလိုင်းက Samsung Galaxy Note 7 စမတ်ဖုန်းနှင့်ပတ်သက်၍ မကြာသေးမီက စိုးရိမ်မှုများမြင့်တက်လာခဲ့ကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာတွင် စက်တင်ဘာ ၁၀ ရက်ညက ရေးသားခဲ့ပြီးနောက် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်၌ ယင်းစမတ်ဖုန်းအား အားသွင်းခြင်း နှင့် ဖုန်းဖွင့်ထားခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လေကြောင်းလိုင်းက Samsung Galaxy Note 7 စမတ်ဖုန်းများအား အထုပ်အပိုးများအတွင်း ထည့်သွင်းသယ်ဆောင်ခြင်းကိုလည်း တားမြစ်ခဲ့သည်။
ဘရူနိုင်းနိုင်ငံ လေကြောင်းဦးစီးဋ္ဌာန က AirAsia နှင့် Malaysia Airlines လေကြောင်းလိုင်းများအပါအဝင် ဘရူနိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံသန်းသည့် အခြား လေကြောင်းလိုင်းများအပေါ်၌ လည်း Samsung Galaxy Note 7 စမတ်ဖုန်း အသုံးပြုခြင်းကို တားမြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုသို့ အတည်ပြုပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဖုန်းထုတ်ရေးလုပ်ငန်းဖြစ်သည့် Samsung သည် Note 7 စမတ်ဖုန်းများ အားသွင်းနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာများရရှိပြီးနောက် လွန်ခဲ့သည့် အပတ်တွင် ယင်းစမတ်ဖုန်းများ ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး စက်တင်ဘာ ၂ရက်တွင် ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.