Connect with us

Asia

တရုတ်နိုင်ငံ အလယ်ပိုင်း ၌ SCO ဝန်ကြီးချုပ်များ အစည်းအဝေးပွဲ စတင်

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အဖွဲ့ဝင် နိုင်ငံ များမှ ဝန်ကြီးချုပ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကျန့်ကျိုး၊ ဒီဇင်ဘာလ ၁၅ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အဖွဲ့ဝင် နိုင်ငံ များမှ ဝန်ကြီးချုပ်များ အစည်းအဝေး အား တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန် ပြည်နယ် မြို့တော် ကျန့်ကျိုးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ပြည်ပခေါင်းဆောင် များအားကြိုဆိုခဲ့ပြီး ၎င်း က အစည်းအဝေးအား ၂၀၀၁ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် SCO သည် ဒေသတွင်း တည်ငြိမ်မှု၊ သာယာဝ ပြောမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ အတွက် အရေးကြီးသော တွန်းအားတစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

ထပ်မံ ၍ လီ က SCO အစည်းအဝေးတိုင်းသည် အဖွဲ့ဝင် နိုင်ငံ များကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

အစည်းအဝေး၌ SCO အဖွဲ့ဝင် နိုင်ငံ များဖြစ်သော တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ တို့မှ အစိုးရခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ လုံခြုံရေး နှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

လက်ရှိတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အား အဖွဲ့ဝင် ခြောက်နိုင်ငံ ဖြင့်ဖွဲ့စည်းထားပြီး အာဖဂန်နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ တို့က လေ့လာသူအဖြစ် ပါဝင်ကြကာ ဘီလာရုစ်နိုင်ငံ၊ တူရကီနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ တို့ က တွေ့ဆုံဆွေးနွေးပွဲ မိတ်ဖက် များအနေဖြင့် ပါဝင်ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.