Connect with us

Asia

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အဖွဲ့ဝင်များ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု လုပ်ငန်းစဉ်တွင် နက်ရှိုင်းစွာ ပါဝင်လုပ်ဆောင်ရန် ကတိကဝတ်ပြု

၁၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များ အစည်းအဝေး အား ဒီဇင်လာလ ၁၅ရက်နေ့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ကျန့်ကျိုး၊ ဒီဇင်ဘာလ ၁၆ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အဖွဲ့ဝင်နိုင်ငံ များမှ ဝန်ကြီးချုပ်များသည် ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှု ပါဝင်လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုလေးနက်စေရန် ဆောင်ရွက်သွားကြမည်ဟု ကတိကဝတ်ပြု ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်များက ခေတ်သစ် ပိုးလမ်းမကြီးသည် စီးပွားရေး တောင့်တင်းခိုင်မာမှု နှင့် ဒေသတွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း နှင့် ၎င်းတို့အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးမှုအား ကူညီ ထောက်ပံ့ပေးသွားဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာ ပို့ဆောင်ရေးစြင်္ကံတစ်ခု ပေါ်ပေါက်လာစေရန်နှင့် မြန်နှုန်းမြင့် ရထားလမ်း များ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုမြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

SCO အဖွဲ့ဝင် ခြောက်နိုင်ငံ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် ပူးတွဲကြေညာချက် အား အစည်းအဝေး ပြီးနောက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ပူးတွဲထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်များသည် စွမ်းအင် သုံးစွဲမှု နှင့် ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှုအား လျှော့ချနိုင်ရန် အသစ် တဖန် ပြန်လည် အသုံးပြုနိုင်သော စွမ်းအင် ထုတ်လုပ် မှု နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ တွင် ပူးပေါင်း ဆောင်ရွက် မှု အား အရှိန်အဟုန် မြှင့် လုပ်ဆောင်သွားရန် ကတိကဝတ်ပြုခဲ့ကြ ကြောင်းသိရသည်။

SCO အဖွဲ့ဝင်များသည် လေ့လာသူများ၊ တွေ့ဆုံဆွေးနွေးပွဲ မိတ်ဖက် များ၊ နိုင်ငံတကာ အဖွဲ့အစည်း များ နှင့်လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် အကြံပြု ပြောကြားခဲ့သည်။

ထို့အပြင် SCO 2016 ခုနှစ် ဘတ်ဂျက် အတည်ပြုခြင်း နှင့် ၂၀၁၆ခုနှစ် ဝန်ကြီးချုပ် အစည်းအဝေး အား ကာဂျစ်စတန်တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117