Connect with us

Asia

ပါကစ္စတန်၌ ဈေးဗုံးပေါက်ကွဲမှု သေဆုံးသူ ၂၄ ဦးအထိရှိလာ

ပါကစ္စတန် အနောက်မြောက်နယ်စပ်ရှိ အဝတ်အထည် ရောင်းသည့်ဈေး တစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန် အနောက်မြောက်နယ်စပ်ရှိ အဝတ်အထည် ရောင်းသည့်ဈေး တစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၄ ဦး ရှိလာပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၁၄ ရက်က သတင်း ဖော်ပြထားသည်။

ယင်းဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သူ ၇၀ ဦးကျော်ရှိကြောင်း Urdu TV Channel Geo ရုပ်မြင်သံကြားလိုင်း အရသိရသည်။Punjab အခြေစိုက် အစွန်းရောက် အုပ်စု Lashkar-e-Jhangvi (LeJ) က အဆိုပါ တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

LeJ ပြောရေးဆိုခွင့်ရှိသူ အလီ အဘူ စူဖီရန်က ဆီးရီးယားရှိ မွတ်ဆလင်များအား တိုက်ခိုက်ရန် ဆီးရီးယားသို့ လူများစေလွှတ်နေသည့် အတွက်ကြောင့် Parachinar ရှိ ရှီယာ မွတ်ဆလင်အဖွဲ့အား အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုမှာ ဒီဇင်ဘာလ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပြီး အာဖဂန်နစ္စတန် နယ်စပ်ရှိ လူစည်ကားသည့် အဝတ်အထည်ဈေးအတွင်းသို့ ခန့် မှန်းခြေ ပမာဏ ၃၀ မှ ၃၅ ကီလိုဂရမ် ရှိပြီး အဝေထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သည့် ဗုံးဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သော လူပေါင်းများစွာမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ကျန်ရှိနေသေး ကြောင်း နှင့် ၎င်းတို့ကို အနီးရှိ Peshawar မြို့ရှိ ဆေးရုံသို့ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပါကစ္စတန် သမ္မတ မန်နွန် ဟူစိန်နှင့် ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်တို့က ရှုတ်ချ ပြောကြားခဲ့ပြီး ဒဏ်ရာရသူများကိုလည်း ဆေးကုသမှုများ အကောင်းဆုံး ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)