Connect with us

Asia

မော်လ်ဒိုက်နိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြု

မော်လ်ဒိုက်နိုင်ငံရှိ ကာကွယ်ဆေးထိုးနှံသည့် စင်တာတစ်ခုရှေ့တွင် ဆေးထိုးရန် တန်းစီနေသော ပြည်သူများအား မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ) Twitter - မော်လ်ဒိုက်နိုင်ငံ၌ Sinopharm ကာကွယ်ဆေး အရေးပေါ်အသုံးပြုမည် #ဆင်ဟွာ

 မာလီ ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ၌ တရုတ်နိုင်ငံ Sinopharm က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုချက်အတည်ပြုခဲ့ကြောင်း မော်လ်ဒိုက် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(MFDA) က မတ် ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသားဆေးဝါး အုပ်စု(Sinopharm)က ထုတ်လုပ်သော ကာကွယ်ဆေးကို အသက် ၁၈ နှစ် မှ ၆၀ နှစ်အကြား ပြည်သူများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း MFDA မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ MFDA သည် အရေးပေါ်အသုံးပြုရန် Pfizer က ထုတ်လုပ်သော ကာကွယ်ဆေးကိုလည်း အတည်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။

AstraZeneca နှင့် Oxford တက္ကသိုလ်တို့မှ နည်းပညာကို အခြေခံ၍ အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်သော Covishield ကာကွယ်ဆေးကိုလည်း မော်လ်ဒိုက်နိုင်ငံ၌ အရေးပေါ်အသုံးပြုရန် ဇန်နဝါရီလနှောင်းပိုင်းက အတည်ပြုခဲ့ကြောင်း သိရသည်။

မော်လ်ဒိုက်နိုင်ငံ အစိုးရသည် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ရှေ့တန်းမှ ကျန်းမာရေး ဝန်ထမ်းများ နှင့် အခြား ကူးစက်နိုင်ခြေမြင့်မားသော လူအုပ်စုများကို ဦးစားပေး၍ ကပ်ရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ အထောက်အထားမဲ့ ပြောင်းရွှေ့နေထိုင်သူများ အပါအဝင် အသက် ၁၈ နှစ်အထက် နိုင်ငံသားအားလုံးကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီ(HPA)မှ အချက်အလက်များအရ မတ် ၁၄ ရက်အထိ မော်လ်ဒိုက်ပြည်သူ ၂၀၆,၁၁၄ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း ၊ နိုင်ငံအတွင်း COVID-19 အတည်ပြုလူနာပေါင်း ၂၁,၅၇၂ ဦး ရှိပြီး သေဆုံးသူ ၆၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)
——————————————-
(English Version)

Maldives approves China’s Sinopharm vaccine for emergency use

MALE, March 15 (Xinhua) — The COVID-19 vaccine developed by China’s Sinopharm has been approved for emergency use in the Maldives, the Maldives Food and Drug Administration (MFDA) announced at a press conference Monday afternoon.

The vaccine made by China National Pharmaceutical Group (Sinopharm) will be given to people aged between 18 and 60, local media reported, citing an official at the MFDA. The MFDA also announced that the vaccine made by Pfizer has also been approved for emergency use.

The Covishield vaccine based on a formula by AstraZeneca and Oxford University and manufactured by the Serum Institute of India was approved for emergency use in late January.
The government of Maldives has been vaccinating its population against the pandemic since Feb. 1, prioritising frontline health workers and other high-risk groups. Vaccinations are available free of charge to residents over the age of 18, including undocumented immigrants.

According to the statistics from the Health Protection Agency (HPA), 206,114 people have been vaccinated as of Sunday. Meanwhile, the total number of confirmed cases of COVID-19 in the Maldives has reached 21,572, including 64 deaths. Enditem.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.