Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အနောက်ကမ်းရိုးတန်းပြင်ပတွင် ခရုစ်ဒုံးကျည် နှစ်စင်းပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေသည်ကို ၂၀၁၇ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက မတ် ၂၁ ရက်တွင် ၎င်း၏ အနောက်ဘက်ကမ်းရိုးတန်း ပြင်ပတွင် ခရုစ်ဒုံးကျည် (cruise missile) နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ စစ်တပ်က မတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။

တောင်ကိုရီးယား စစ်တပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားရာတွင် ခရုစ်ဒုံးကျည်များဖြစ်နိုင်ဖွယ်ရှိသော အဆိုပါ ကျည်ဖူးနှစ်ခုအား မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှ မတ် ၂၁ ရက်က ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းဒုံးကျည်များသည် တောင်ကိုရီးယားနိုင်ငံ စစ်တပ် ထိန်းချုပ်စခန်းများမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တိကျသော ဒုံးကျည်အမျိုးအစားကဲ့သို့သော နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ လေ့လာဆန်းစစ်နေကြောင်း တာဝန်ရှိသူက ပြောခဲ့သည်။

Yonhap သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အဆိုပါဒုံးကျည်များသည် အနောက်ဘက် ပင်လယ်ရေပြင်အတွင်းသို့ တာတိုအကွာအဝေးဖြင့် ကျရောက်သွားကြောင်း သိရသည်။
ယင်းသို့ ဒုံးကျည်ပစ်လွှတ်ခြင်းသည် မြောက်ကိုရီးယားက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ တာတိုပစ် ဒုံးကျည်များစွာ စမ်းသပ်ပစ်လွှတ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်မှစ၍ ပထမဆုံးဒုံးကျည်ပစ်လွှတ်ခြင်းလည်း ဖြစ်သည်။

အမည်မဖော်လိုသူ တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ထိုသို့ပစ်လွှတ်ခြင်းသည် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်မှုမှ မြောက်ကိုရီးယားအပေါ် တားမြစ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအား ချိုးဖောက်ခြင်းမဟုတ်ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုသည် မတ်လ ၈ ရက်မှ ၁၈ ရက်အတွင်း တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့၏နှစ်စဉ် နွေဦးကာလ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ (Xinhua)

——————————————
(English Version)
DPRK fires 2 cruise missiles off west coast: S. Korean military

SEOUL, March 24 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired two cruise missiles off its west coast on Sunday, the South Korean military said Wednesday.
A South Korean military official, who declined to be identified, told Xinhua that two projectiles, estimated to be two cruise missiles, were launched westward from the DPRK’s west coast on Sunday morning.

The official said the projectiles were detected through the South Korean military assets, noting that the military was analyzing further details such as the exact missile type.
According to Yonhap news agency, the cruise missiles traveled into the western waters in a short range.

It marked the first missile test-firing since April 14, 2020, when the DPRK test-launched multiple short-range cruise missiles into the eastern waters.
An unnamed South Korean government official was quoted by Yonhap as saying that it was not in violation of UN Security Council resolutions that ban Pyongyang from testing ballistic missiles.

The DPRK’s missile launch came after South Korea and the United States conducted their annual springtime military exercises on March 8-18. Enditem
Photo provided by Korean Central News Agency (KCNA) on May 30, 2017 shows the test-firing of a ballistic missile.(Xinhua/KCNA)