Connect with us

Asia

မွန်ဂိုလီးယားနိုင်ငံတွင် ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ (၆)ဦး သေဆုံးပြီး (၈၀)ကျော် ပျောက်ဆုံးလျက်ရှိ

မွန်ဂိုလီးယားနိုင်ငံ Ömnögoviပြည်နယ်တွင် ၂၀၁၉ ခုနှစ် မေလ ၁၂ ရက်က နှင်းမုန်တိုင်းတိုက်ခတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဦလန်ဘာတာ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် မတ် ၁၃ ရက်ကစ၍ ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ မတ် ၁၅ ရက်အထိ လူ(၆)ဦး သေဆုံးပြီး (၈၀)ကျော် ပျောက်ဆုံးလျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာနက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် လေတိုက်နှုန်း တစ်စက္ကန့်လျှင် (၂၀)မီတာမှ (၂၄)မီတာအထိ တိုက်ခတ်လျက်ရှိရာ အချို့အချိန်များတွင် (၃၀)မီတာမှ (၃၄)မီတာအထိ ရှိကြောင်း၊ မြောက်ပိုင်းဒေသများတွင် နှင်းမိုးမုန်တိုင်းများဖြစ်ပွားလျက်ရှိပြီး ဂိုဘီဒေသတစ်လျှောက်တွင် ပြင်းထန်သည် သဲမုန်တိုင်း ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့တော် အူလန်ဘာတာတွင် မတ် ၁၄ ရက်က သဲမုန်တိုင်းတိုက်ခတ်ခဲ့သည်။

ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်းများကြောင့် မွန်ဂိုလီးယားနိုင်ငံ Arkhangai၊ Dundgovi စသည့် ပြည်နယ်များတွင် စုစုပေါင်း လူ(၆)ဦး သေဆုံးပြီး (၅၄၈) ဦး ပျောက်ဆုံးလျက်ရှိရာ မတ် ၁၅ ရက် နံနက်ပိုင်းတွင် လူ(၄၆၇)ဦးကို ရှာတွေ့ခဲ့သော်လည်း (၈၁)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ သေဆုံးသူ (၆)ဦးတွင် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။ ပြင်းထန်သည့် သဲမုန်တိုင်းကြောင့် မွန်ဂိုလီးယားရွက်ဖျင်အိမ် (၅၈)လုံးနှင့် နေအိမ် (၁၂၁)လုံး ၊ခြံစည်းရိုးများ ပျက်စီးခဲ့သလို မွေးမြူထားသည့်တိရစ္ဆာန်ထောင်နှင့်ချီပျောက်ဆုံးလျက်ရှိသည်။ အရှေ့ပိုင်းဒေသတွင် အချို့ဓါတ်တိုင်များပျက်စီးခဲ့ခြင်းကြောင်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ၏ ယခုအကြိမ်ကြုံတွေ့ရသည် သဲမုန်တိုင်း၏ပြင်းထန်မှုနှင့်တိုက်ခတ်မှုကြာချိန်သည် ပြီးခဲ့သည့်နှစ်များထက် ပိုများကြောင်း ၊မွေးမြူရေးလုပ်သားများအနေဖြင့် တတ်နိုင်သမျှ အပြင်သို့မထွက်ရန်၊ အဝေးသို့ မသွားရန်နှင့် ကလေးငယ်များကို စောင့်ရှောက်သင့်ကြောင်း မိုးဇလပညာရှင်များ ပြောကြားထားသည်။ (Xinhua)

————————————
(Chinese Version)
蒙古国强沙尘暴和暴风雪已致6人死亡 80余人失踪
2021-03-15 15:22:58
  新华社乌兰巴托3月15日电(苏力雅)蒙古国紧急情况总局15日通报说,13日以来蒙古国大部分地区发生强沙尘暴和暴风雪,截至15日上午已致6人死亡,80余人仍处于失踪状态。
  通报说,13日以来,蒙古国大部分地区风速达到每秒20至24米,有时达到每秒30至34米;北部地区形成暴风雪,冰雪交加;戈壁草原地带则形成强沙尘暴。首都乌兰巴托14日遭受沙尘暴袭击。
  强沙尘暴和暴风雪导致蒙古国后杭爱、中戈壁等多个省共报告6人死亡、548人走失。截至15日上午已找到467人,仍有81人处于失踪状态。死亡的6人中有一名5岁儿童。强沙尘暴还导致58座蒙古包和121处房屋、栅栏被摧毁,数千头牲畜走失。东部地区部分输电线路损坏并导致当地断电。
 气象专家表示,蒙古国此次强沙尘暴的强度和持续时间均超过以往的年份,牧民应尽量不出门,不走远路,看管好儿童。

图说:这是2019年5月12日在蒙古国南戈壁省拍摄的暴风雪袭击现场。(新华社发,蒙古国南戈壁省政府办公厅供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.