Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တပ်တွင် Susane Giti က ပထမဆုံး အမျိုးသမီးဗိုလ်ချုပ် ဖြစ်လာ

ဒါကာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ဗိုလ်ချုပ် Susane Giti သည် မကြာသေးမီက ဗိုလ်မှူးချုပ်ရာထူးမှ ရာထူးတိုးလာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တပ်တွင် အမြင့်ဆုံးရာထူးရရှိခဲ့သည့် ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။
၎င်းသည် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် စစ်ရုံးချုပ်တွင် အဆိုပါရာထူးရရှိသည့် ပထမဆုံးအမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ကြောင်း အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် ဘင်္ဂလားဒေ့ရှ်စစ်တပ် Inter Service Public Relation (ISPR) ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ စစ်တပ်ဌာနချုပ်တွင် စက်တင်ဘာလ ၃၀ ရက်က ပြုလုပ်သော အခမ်းအနား၌ ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed နှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး Md Shamsul Haque တို့က Susane Giti တို့အား ဗိုလ်ချုပ်ရာထူးတံဆိပ်ချီးမြှင့်ခဲ့သည်။
ဆရာဝန်တစ်ဦးဖြစ်သူ Susane Giti သည် လက်ရှိတွင် စစ်တပ် ဆေးဘက်ဆိုင်ရာကောလိပ်၏ ရောဂါဗေဒဌာန ဌာနမှူးအဖြစ် တာဝန်ဆောင်နေသူဖြစ်ကြောင်း သိရသည်။ (Xinhua)