Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျ၊ လူ ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ချောက်အတွင်းပြုတ်ကျနေသည့် ဘတ်စ်ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Himachal Pradesh ပြည်နယ်ရှိ ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး လမ်းချော်၍ ပြုတ်ကျခဲ့မှုကြောင်း အနည်းဆုံး လူ ၂ ဦးသေဆုံးကာ အခြားသူ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက်တွင် ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်သည် Himachal Pradesh ပြည်နယ်၏ Shimla ခရိုင် Mancholi နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အဲဒီဘတ်စ်ကားဟာ နိုင်ငံပိုင် Himachal Road Transport Corporation ကပါ။ ဘတ်စ်ကားမောင်းသူက လမ်းအကွေ့မှာ ယာဉ်ကို မထိန်းနိုင်လို့ ကားပေါ်လိုက်ပါလာတဲ့လူ ၁၀ ဦးခန့် ချောက်ထဲပြုတ်ကျသွားခဲ့တယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အခင်းဖြစ်ရာနေရာ၌ လူတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အခြားသူတစ်ဦးမှာလည်း အစိုးရဆေးရုံတစ်ခုတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း၊ အခြားသူ ၆ ဦးမှာ ကုသမှုခံယူလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ “သူတို့အားလုံးရဲ့ အခြေအနေက စိုးရိမ်ရတယ်” ဟုဆိုသည်။

အခင်းပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည့်နိုင်ငံဖြစ်သည်။ ယာဉ်တိုက်မှုများသည် ယာဉ်မောင်းပေါ့ဆမှု၊ လမ်းများနှင့် ယာဉ်များ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် အများဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.