Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ရှိ ဓာတုပစ္စည်းသိုလှောင်ရုံတွင် မီးလောင်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဓာတုပစ္စည်းသိုလှောင်ရုံ မီးလောင်မှုအား မီးသတ်သမားများ ငြှိမ်းသတ်နေကြစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ မြို့ဟောင်းအပိုင်းရှိ ဓာတုပစ္စည်းသိုလှောင်ရုံတစ်ခုတွင် ဧပြီ ၂၃ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြားသူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ဓာတုပစ္စည်းသိုလှောင်ရုံရှိရာ ငါးထပ်အဆောက်အအုံ၏ မြေညီထပ်တွင် ဒေသစံတော်ချိန် နံနက် ၃:၀၀ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒါကာမြို့ရှိ Bangshal ရဲစခန်း တာဝန်ရှိသူ Md Shahin Fakir က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဓာတုပစ္စည်းသိုလှောင်ရုံ မီးလောင်မှုအား မီးသတ်သမားများ ငြှိမ်းသတ်နေကြစဉ် (ဆင်ဟွာ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဓာတုပစ္စည်းသိုလှောင်ရုံ မီးလောင်မှုအား မီးသတ်သမားများ ငြှိမ်းသတ်နေကြစဉ် (ဆင်ဟွာ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဓာတုပစ္စည်းသိုလှောင်ရုံ မီးလောင်မှုအား မီးသတ်သမားများ ငြှိမ်းသတ်နေကြစဉ် (ဆင်ဟွာ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဓာတုပစ္စည်းသိုလှောင်ရုံတွင် မီးလောင်သည့်နေရာ၌ ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ် (ဆင်ဟွာ) 

မီးသတ်ဌာန ၁၉ ခုက မီးလောင်မှုကို ထိန်းနိုင်ရန် နာရီများစွာကြာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ မီးငြှိမ်းသတ်ပြီးနောက် ယင်းအဆောက်အအုံမှ သေဆုံးသူရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူမှာ အဆိပ်ငွေ့များကြောင့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ဒဏ်ရာရသူ ၁၄ ဦးအနက် ၁၀ ဦးအား ဒါကာမြို့ရှိ မီးလောင်မှုနှင့် အလှအပရေးရာ ပြုပြင်ခွဲစိတ်မှုဆိုင်ရာ Sheikh Hasina National Institute ထံ ပို့ဆောင်ခဲ့ပြီး ၎င်းတို့၏ အသက်ရှူအင်္ဂါများမှာလည်း အနည်းငယ်ထိခိုက်သွားနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

မီးလောင်ရသည့်အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပြည့်ကျပ်နေသော လူနေအိမ်များတွင် လူပေါင်းများစွာ ပြွတ်သိပ်နေထိုင်ရသော ဒါကာမြို့၏ မြို့ဟောင်းအပိုင်းတွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
1 killed, 14 injured in fire at chemical warehouse in Bangladesh capital
Source: Xinhua| 2021-04-23 11:49:05|Editor: huaxia
DHAKA, April 23 (Xinhua) — One person was killed and 14 others were injured as a fire broke out at a chemical warehouse in the old part of Bangladesh’s capital city Dhaka early Friday.
The fire originated on the ground floor of the five-storey building where the chemical warehouse is located at around 3:00 a.m. local time, Md Shahin Fakir, officer-in-charge of Dhaka’s Bangshal police station, told journalists.
He said 19 firefighting units managed to bring the fire under control after hours of fighting. The body of the victim was recovered from the building after putting out the fire, who was believed to have died of asphyxiation by the toxic gas.
Of the 14 injured, 10 were sent to Sheikh Hasina National Institute of Burn and Plastic Surgery in Dhaka, he said, adding that their respiratory organs might have been damaged to some extent.
The cause of the fire remained unclear.
Fires are common in parts of old Dhaka where hundreds of thousands of people are crammed in congested houses. Enditem

1- 4- Firefighters try to extinguish the fire at a chemical warehouse in Dhaka, Bangladesh, April 23, 2021. One person was killed and 14 others were injured as a fire broke out at a chemical warehouse in the old part of Bangladesh’s capital city Dhaka early Friday. (Xinhua)

5-Rescuers work at the fire site at a chemical warehouse in Dhaka, Bangladesh, April 23, 2021. One person was killed and 14 others were injured as a fire broke out at a chemical warehouse in the old part of Bangladesh’s capital city Dhaka early Friday. (Xinhua)