Connect with us

Asia

သင်္ဘောသား ၅၀ ကျော်လိုက်ပါသွားသည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောနစ်မြုပ်ပျောက်ဆုံးနေ

၇၂ နှစ်မြောက် အင်ဒိုနီးရှားတပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနား တက်ရောက်လာသော KRI Nanggala-402 ရေငုပ်သင်္ဘောအား အင်ဒိုနီးရှားနိုင်ငံ Banten ပြည်နယ် Cilegon ၌ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ဧပြီ ၂၂ ရက်(ဆင်ဟွာ)

သင်္ဘောသား ၅၃ ဦး လိုက်ပါသွားသည့် အင်ဒိုနီးရှားရေငုပ်သင်္ဘောတစ်စင်းသည် ဘာလီကျွန်း ပင်လယ်ပြင်တွင် လေ့ကျင့်ရေးဆောင်ရွက်နေစဉ် ရေတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း အင်ဒိုနီးရှားရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းမီဒီယာသို့ ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါပျောက်ဆုံးနေသာ ရေငုပ်သင်္ဘောအား ကူညီရှာဖွေရန် စင်ကာပူ နှင့် ဩစတြေးလျ နိုင်ငံတို့က ကမ်းလှမ်းထားကြောင်း အင်ဒိုနီးရှားစစ်တပ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းမီဒီယာက ဖော်ပြခဲ့သည်။ဂျာမနီနိုင်ငံထုတ် KRI Nanggala-402 ရေငုပ်သင်္ဘောသည် ဧပြီ ၂၁ ရက်က ဘာလီကျွန်း မြောက်ပိုင်းရေပြင်၌ တော်ပီဒိုပစ်ခတ်မှုလေ့ကျင့်ခန်း လုပ်ဆောင်နေစဉ်အတွင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေအောက် အနက် ၇၀၀ မီတာတွင် အဆက်အသွယ်ပြတ်တောက်သွားချိန် အဆိုပါ ရေငုပ်သင်္ဘောသည် ဧပြီ ၂၁ ရက် နံနက်အစောပိုင်းက ဘာလီကျွန်းကမ်းခြေ မြောက်ဘက် ရေမိုင် ၆၀ အကွာ၌ နစ်မြုပ်သွားဖွယ်ရှိကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ယင်းရေငုပ်သင်္ဘောကို ၁၉၇၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ တည်ဆောက်ခဲ့ပြီး ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် အင်ဒိုနီးရှားရေတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
“ ရေအောက်ငုပ်လျှိုးဖို့ ခွင့်ပြုမိန့်တောင်းခံတော့ ခွင့်ပြုချက်ပေးလိုက်ပြီးတဲ့နောက်မှာပဲ အဲဒီရေငုပ်သင်္ဘောကြီးဟာ အဆက်အသွယ်ပြတ်တောက်သွားတော့တာပါ” ဟု အင်ဒိုနီးရှားနိုင်ငံ စစ်တပ်အကြီးအကဲ Hadi Tjahjanto ၏ ပြောကြားချက်ကို ကိုးကား၍ အင်ဒိုနီးရှားနေ့စဉ်ထုတ် Kompas သတင်းစာက ဆိုသည်။

အဆိုပါ ရေငုပ်သင်္ဘော အဆက်အသွယ်ပြတ်တောက်သွားသည့်နေရာ၌ ရှာဖွေရေး ဆောင်ရွက်ရန် အင်ဒိုနီးရှားစစ်တပ်က စစ်သင်္ဘောများစွာ စေလွှတ်ထားကြောင်း Hadi က ဆိုသည်။
၎င်းအနေဖြင့် အခင်းဖြစ်နေရာသို့ ဧပြီ ၂၂ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်းလည်း စစ်တပ်အကြီးအကဲက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)
————————————————–
(English Version)
Indonesian submarine with over 50 aboard feared sunken: local media

JAKARTA, April 21 (Xinhua) — An Indonesian submarine with 53 people aboard lost contact with the navy after a training drill near the sea in Bali, a navy spokesman told the media on Wednesday.

The Indonesian military, quoted by the media, said it has sought help from Singapore and Australia in the search mission.
The German-made KRI Nanggala-402 submarine was reportedly conducting a torpedo drill in waters north of the resort island of Bali when losing contact early Wednesday.
At the depth of about 700 meters, the submarine is feared to have sunk about 60 miles off the northern coast of Bali Island on early Wednesday after losing contact, according to local media.

The submarine, which was built in Germany in 1979, reportedly lost contact at around 3:00 a.m. local time.
“Right after being given permission to dive, after being given the clearance, (the submarine) lost contact,” Indonesian military chief Hadi Tjahjanto was quoted by Indonesia’s daily newspaper Kompas as saying.

The Indonesian military is deploying a number of warships to the site where the submarine was thought to have lost contact, he said.
The military chief said he would tour the location on Thursday.

File photo shows Indonesian submarine KRI Nanggala-402 during a ceremony honoring the 72nd anniversary of the country’s Armed Forces Day at Cilegon, Banten province, Indonesia, Oct. 5, 2017. (Xinhua/Zulkarnain)