Connect with us

Asia

အိန္ဒိယနိုင်ငံ အက်ထရာခန်ပြည်နယ်တွင် ရေခဲပြင်အက်ကွဲကာ ရေခဲစိုင်ပြိုကျမှုကြောင့် လူ ၈ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ် ချာမိုလီခရိုင်တွင် ရေခဲစိုင်ပြိုကျပြီးနောက် Dhauliganga ရေအားလျှပ်စစ်စက်ရုံအနီး ပြန်လည်တွေ့ရှိသော ရုပ်အလောင်းတစ်ခုအား ကယ်ဆယ်ရေးသမားများက သယ်ဆောင်လာသည်ကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ်တွင် ရေခဲပြင်အစိတ်အပိုင်း ပြိုကျမှုကြောင့် ရေခဲစိုင်ပြိုကျမှုဖြစ်ပွားကာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ပြီး အခြားသူ ၆ ဦးအား ကယ်ဆယ်နိုင်ခဲ့ကာ အခြေအနေစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ နယ်စပ်လမ်းများအဖွဲ့အစည်း (BRO) နှင့် General Reserve Engineer Force (GREF) တို့မှ အများစုပါဝင်သည့် အခြားသူ ၃၈၄ ဦးအား ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများအဆိုအရ သိရသည်။

ရေခဲစိုင်ပြိုကျမှုသည် ဧပြီ ၂၃ ရက် နှောင်းပိုင်းက အတ်ထရာခန်ပြည်နယ် ချာမိုလီခရိုင်တွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“BRO အဖွဲ့ဝင် ၃၈၄ ဦးကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဆီးနှင်းထုအတွင်း ပိတ်မိနေသော ရုပ်အလောင်း ၈ လောင်းကို BRO စခန်းနှစ်ခုမှ တွေ့ရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်သူ ၆ ဦးကိုလည်း ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးပို့နိုင်ဖို့ လေကြောင်းပျံသန်းမှုတွေလည်း ကြိုးစားလုပ်ဆောင်ခဲ့တယ်။ စစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အိန္ဒိယ စစ်တပ်မှ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား ဧပြီ ၂၃ ရက်က ချက်ချင်းဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုဆိုးဝါးခြင်းကြောင့် ညပိုင်း၌ ယာယီရပ်နားထားရကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင်မူ ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလက အလားတူ သဘာဝဘေးအန္တရာယ်ကြောင့် ရေခဲစိုင်ပြိုကျမှုကြီးဖြစ်ပွားခဲ့ပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ လူ ၈၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
8 killed after glacial burst triggers avalanche in India’s Uttarakhand
2021-04-24 14:40:10
NEW DELHI, April 24 (Xinhua) — At least eight people were killed and six others rescued in critical condition after part of a glacier collapsed, triggering an avalanche in the northern Indian state of Uttarakhand, officials said Saturday.
According to officials, 384 others, mostly belonging to India’s Border Roads Organisation (BRO) and General Reserve Engineer Force (GREF), have been rescued safely.
The avalanche took place Friday late afternoon during heavy snowfall in Chamoli district of Uttarakhand.
“384 BRO persons moved to safety. Eight snow trapped bodies recovered from the two BRO Camps. Six critically injured being evacuated. Air sorties are being attempted to assist medical evacuation. Rescue operations by army continue unabated,” reads a statement issued by Indian army.
Officials said though rescue operations were launched immediately on Friday, it had to be temporarily halted during night hours owing to bad weather conditions.
On Saturday morning the rescue efforts were resumed.
In February, a similar disaster led to a massive avalanche followed by floods, killing at least 80 people in the area. Enditem

(210210) — DEHRADUN, Feb. 10, 2021 (Xinhua) — Rescue workers carry the retrieved body of a victim near the Dhauliganga hydro power project after a glacier bursts in Chamoli district in India’s northern hilly state of Uttarakhand on Feb. 9, 2021. The number of dead bodies recovered so far from the affected areas has risen to 32, out of which only seven could be identified yet, confirmed a senior state police official. (Str/Xinhua)