Australia / Oceania
ပါပူဝါ နယူးဂီနီတွင် အင်အား ၆.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွား

ဟောင်ကောင်၊ မေ ၉ ရက် (ဆင်ဟွာ)
ပါပူဝါ နယူးဂီနီ နိုင်ငံ ကိုကိုပိုမြို့ အနောက်တောင်ဘက်၏ တောင်ပိုင်း ၁၇၇ ကီလိုမီတာ တွင် မေ ၉ ရက်က ရစ်ချ်တာစကေး ၆.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ က ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် တောင်လတ္တီကျု ၅.၈၉၁၆ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၅၁.၇၉၆၂ ဒီဂရီ ရှိ မြေပြင်အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)