Connect with us

Australia / Oceania

သြစတြေးလျ နိုင်ငံ ရဲတပ်ဖွဲ့ က နေအိမ် တစ်အိမ် တွင် သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေသူ ၇ ဦးအား တွေ့ရှိ

လူ ၇ ဦး သေဆုံး ခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့သော သြစတြေးလျ နိုင်ငံ အနောက်တောင်ပိုင်း Margaret River မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆစ်ဒနီ ၊ မေ ၁၁ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ အနောက်တောင်ပိုင်း Margaret River မြို့ အနီးရှိ နေအိမ် တစ်အိမ် တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူ ၇ ဦး ကို တွေ့ရှိခဲ့ပြီး သေဆုံးသူများအနက် ၄ ဦး မှာ ကလေးငယ်များ ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

သြစတြေးလျ နိုင်ငံ အနောက်ပိုင်း ဒေသ ရဲတပ်ဖွဲ့မှူး Chris Dawson က မေလ ၁၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တိုင်ကြားမှု ကို လက်ခံရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ နေအိမ် သို့ ရောက်ရှိစဉ် နေအိမ် ပြင်ပ၌ သေဆုံးသူ ၂ ဦး ကို တွေ့ရှိခဲ့ပြီး နေအိမ် အတွင်း သေဆုံးသူ ၅ ဦး ကို တွေ့ရှိခဲ့သည် ဟု ပြောကြား ခဲ့သည်။

Chris Dawson က သေဆုံးသူများ တွင် သေနတ် ဒဏ်ရာများ တွေ့ရှိ ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာ တွင်လည်း သေနတ် နှစ်လက် အား တွေ့ရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ အနေဖြင့် သေဆုံးသူ မိသားစု ၏ မိတ်ဆွေ နှင့် ဆွေမျိုးများအား ဆက်သွယ်မှု ရရှိနိုင်ရန် ကြိုးပမ်း နေကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးမှု အဖွဲ့ ဖွဲ့စည်းက အခင်းဖြစ်ပွားရာ နေအိမ် တွင် စစ်ဆေးမှု များ ဆောင်ရွက်နေပြီး သေနတ် ဖြစ်ပွား ခဲ့ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.