Connect with us

Australia / Oceania

ကမ္ဘာ့ အတော်ဆုံး လေယာဉ်မှူးကို မြင်ခွင့်ရမည့် သြစတြေးလျ လေယာဉ် အလှမောင်း ပြိုင်ပွဲ ကျင်းပမည်

FAI ၂ဝ၁၆ ပြိုင်ပွဲဝင်မည့် သြစတြေးလျ လေယာဉ်မှူး တစ်ဦး လေ့ကျင့်ပျံသန်း နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ မေ ၁၃ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့လေယာဉ် အလှမောင်း ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ထိပ်တန်း လေယာဉ်မှူးများ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ကမ္ဘာ့အတော်ဆုံး လေယာဉ်မှူး တစ်ဦးကို ဂုဏ်ပြုခွင့် ရတော့မည် ဖြစ်သည်။

နိုင်ငံတကာ လေယာဉ်ပျံသန်းမှု လေ့လာရေး အဖွဲ့ချုပ် (FAI) မှ ကြီးမှူး ကျင်းပသည့် လေယာဉ် အလှမောင်း ပြိုင်ပွဲကို သြစတြေးလျ နိုင်ငံက အိမ်ရှင်အဖြစ် ၁၉၆၂ ခုနှစ်တွင် နိုင်ငံ တောင်ပိုင်းရှိ Hemisphere မြို့တွင် လက်ခံ ကျင်းပခဲ့သည်။ ယခုနှစ်တွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လေယာဉ်မှူးပေါင်း ၂ဝဝ ဦး ပါဝင် ယှဉ်ပြိုင်မည့် လေယာဉ် အလှမောင်း ပြိုင်ပွဲကို ပတ်ခ်မြို့တွင် ကျင်းပမည် ဖြစ်ရာ သြစတြေးလျ နိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် လက်ခံ ကျင်းပခြင်း ဖြစ်သည်။
“ ဒီပြိုင်ပွဲက အိုလံပစ် လေယာဉ်မောင်း ပြိုင်ပွဲနဲ့တူပါတယ်”ဟု FAI ညွှန်ကြားရေးမှူး Trevor Latchford က သြစတြေးလျ ရုပ်သံလိုင်းသို့မေလ ၁၃ ရက်တွင် ပြောကြားသည်။
လေယာဉ် အလှမောင်း ပြိုင်ပွဲတွင် လေယာဉ်မှူးသည် ပြိုင်ပွဲ စည်းကမ်းချက် လေးမျိုးဖြင့် သရုပ်ပြ ပျံသန်းကြရမည်။ ၎င်းတို့မှာ အရှိန်ပြင်း ပျံသန်းခြင်း ၊ အဖွဲ့လိုက် ပျံသန်းခြင်း ၊ ကျွမ်းထိုး မှောက်ခုံ ပျံသန်းခြင်း နှင့် တိုက်ပွဲဝင်ပုံစံ ပျံသန်းခြင်းများကို ထိန်းချုပ်ရေး လမ်းကြောင်းအတိုင်း ပျံသန်း ပြရမည်။ ဆိုလိုသည်မှာ ထိန်းချုပ်ရေး စင်တာမှ ညွှန်ကြားချက် အတိုင်း လေယာဉ်မှူးက လိုက်နာ လုပ်ဆောင်ရခြင်း ဖြစ်သည်။
“မြေပြင်မှာ ရှိနေပေမယ့် ကျနော်တို့ကိုယ်တိုင်လည်း လေယာဉ်မှူးတွေလို ဖြစ်နေပါတယ်” ဟု Latchford ကပြောသည်။ “ အဲဒါတွေက အရုပ်တွေ မဟုတ်ဘူးလေ။ အန္တရာယ် အရမ်းများပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ပြိုင်ပွဲသို့တရုတ် ၊ တောင်အမေရိက ၊ အင်ဒိုနီးရှား ၊ ဂျပန် ၊ ဥရောပ နှင့် မြောက်အမေရိက နိုင်ငံများ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး အသက်ရွယ်အားဖြင့် ၁၁ နှစ် မှ ၇၄ နှစ်အထိ ပါဝင်ကာ အသက်ရွယ် အလိုက် နောက်ခံအဆင့် အတန်းခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။
ပြိုင်ပွဲတွင် မတော်တဆမှုကြောင့် သေဆုံးသူများလည်း အမြဲလိုလို ရှိကြောင်း နှင့် လေယာဉ်မှူးများသည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် ကျော်ဇောမှုအတွက် ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းသာ ဖြစ်ကြောင်း Latchford က ဆိုသည်။
“ ပြိုင်ပွဲဝင်သူတွေဟာ လည်ဆွဲ နဲ့ ဒိုင်းတံဆိပ်တွေပဲ ရမယ်။ ငွေကြေး ဆုလာဘ်တော့ မရဘူး။ ကျနော်တို့အားလုံးဟာ အပျော်တမ်း သမားတွေပါပဲ ” ဟု ၎င်းက ဆက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.