Connect with us

Australia / Oceania

အလေးချိန် ၂.၈၃ ကာရက်ရှိ ခရမ်းရောင် စိန်ကို သြစတြေးလျ ပြသ

အလေးချိန် ၂.၈၃ ကာရက်ရှိ အမေရိကန်ဒေါ်လာ သုံးသန်းတန် စိန်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း ၊ မေ ၄ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ၏ အကြီးဆုံး သတ္တု တူးဖော်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Rio Tinto သည် သြစတြေးလျ အနောက်ပိုင်း (WA) မိုင်းတွင်း ကုမ္ပဏီမှ တူးဖော် တွေ့ရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၃ သန်းတန် ၊ ခရမ်းရင့်ရောင် ရှားပါး စိန်တစ်လုံးအား မေလ ၄ ရက်က ထုတ်ဖော် ပြသလိုက်သည်။

ဘဲဥပုံရှိသည့် အဆိုပါ စိန်ပွင့်ကြီးကို လွန်ခဲ့သောနှစ် သြဂုတ်လတွင် Rio Tinto သတ္တုရှာဖွေရေး ကုမ္ပဏီက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဇွန်လတွင် ကျင်းပမည့် ကုမ္ပဏီ၏ 2016 Argyle Pink စိန် တင်ဒါ အရောင်းပြပွဲ၌ ၎င်းစိန်ကြီးသည် ကုမ္ပဏီအတွက် ငွေထုတ်ကြီး ဖြစ်လာနိုင်သည်။
မူလ စိန်ရိုင်းတုန်း၏ အလေးချိန်သည် ၉.၁၇ ကာရက်ရှိပြီး ၎င်းကို အပွင့်ပုံ အချောထည်ဖြစ်အောင် နာရီပေါင်း ၈ဝ ကျော်ကြာ အချိန်ယူ သွေးခဲ့ရသည်။ Rio Tinto ကုမ္ပဏီ အနေဖြင့် စိန်၏ ခန့်မှန်းတန်ဖိုးကို ဖော်ပြထားခြင်း မရှိသော်လည်း ယခင်က ခရမ်းရင့်ရောင် စိန်အတွက် ၁ ကာရက်လျှင် အမေရိကန်ဒေါ်လာ ၇၅ဝ,ဝဝဝ မှ ၁.၅ သန်းအထိ ပေါက်ဈေးရှိခဲ့သည်။ ပန်းရောင် အမျိုးစား စာရင်းဝင် ခရမ်းရောင် စိန်သည် အလွန်အဖိုးတန် ရှားပါးသည်။ လွန်ခဲ့သော ၃၂ နှစ်တာ ကာလအတွင်း Argyle သည် ခရမ်းရောင်စိန် ၁၂ ကာရက်မျှသာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ယခုတွေ့ရှိသည့် ၂.၈၃ ကာရက် စိန်ကြီးသည် ၂ဝဝ၈ ခုနှစ် က တွေ့ရှိခဲ့သော အလေးချိန် ၁ ကာရက် ရှိ Argyle ၏ တန်ဖိုးအရှိဆုံး စိန်ထက် သုံးဆမျှ အလေးချိန် ပိုများသည်။
“ ဒီတောက်ပနေတဲ့ ခရမ်းရောင် စိန်ကြီးဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စိန်ချစ်သူတွေ စိန်စုဆောင်းသူတွေကို ဖမ်းစားထား နိုင်ပါလိမ့်မယ်” ဟု Argyle Pink Diamonds မန်နေဂျာ Josephine Johnson က သတင်း မီဒီယာများသို့ပြောကြားခဲ့သည်။ WA မိုင်းတွင်းသည် ကမ္ဘာ့ဒုတိယ အကြီးဆုံး မိုင်းတွင်း ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ပန်းရောင် စိန်များ၏ ၉ဝ ရာခိုင်နှုန်းသည် ၎င်းတို့မိုင်းတွင်းများမှ ထွက်ရှိနေခြင်း ဖြစ်သည်။
Rio Tinto ကုမ္ပဏီ၏ 2016 Argyle Pink Diamonds ပန်းရောင်စိန် တင်ဒါပွဲများကို ၂ဝ၁၆ ခုနှစ် ဇွန်လတွင် ကိုပင်ဟေဂင် ၊ ဟောင်ကောင် ၊ နယူးယောက်မြို့များတွင် ကျင်းပသွားရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.