Connect with us

Australia / Oceania

သြစတြေးလျ ရဲတပ်ဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၁၅ ကီလီုဂရမ် ဖမ်းဆီးရမိ

သြစတြေးလျ နိုင်ငံတွင် ဖမ်းဆီးရမိသည့် “Ice” မူးယစ်ဆေးဝါး များအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မယ်လ်ဘုန်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

သြစတြေးလျ ရဲတပ်ဖွဲ့သည် မေလ ၂၇ ရက်တွင် အနောက် သြစတြေးလျ (WA) ၏ သမိုင်းကြောင်း၌ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုများအနက် တစ်ခုအား လုပ်ဆောင်နိုင်ခဲ့ပြီး ပါဝင်သူ နိုင်ငံခြားသား ၁၄ ဦးကို တရားစွဲဆို ထားကြောင်း သိရသည်။

“Ice” ဟု လူသိများသည့် သိပ္ပံအခေါ် crystal methamphetamine မူးယစ်ဆေးဝါး၂၁၅ ကီလိုဂရမ် ကျော်အား WA ရဲတပ်ဖွဲ့က Perth မြို့ရှိ အိမ်နှစ်အိမ်အား မေလ ၂၇ ရက် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းပြီးနောက် သိမ်းဆည်း ရမိခဲ့ပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုး ရှိကြောင်း သိရသည်။
WA ဒုတိယ ရဲမင်းကြီး Gary Dreibergs က တရားခံ နိုင်ငံခြားသား ၁၄ ဦး သည် ၂၀၁၆ ခုနှစ်အတွင်း အကြီးမားဆုံး methamphetamine မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြင့် တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“Ice” မူးယစ်ဆေးဝါး ၁၅၀ ကီလိုဂရမ် ကျော်အား နေအိမ်တစ်အိမ်မှ ဖမ်းမိစဉ်တွင် အခြား ၅၀ ကီလိုဂရမ် အား ၁၀ ကီလိုမီတာ အကွာ ရှိ အဆောက်အဦ တစ်ခုမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် ကျေးလက်မြို့တစ်မြို့ဖြစ်သည့် Geraldton မြို့အနီးရှိ လှေတစ်စင်းအား စစ်ဆေးမိရာမှ အဆိုပါမူးယစ်ဆေးဝါးဂိုဏ်း အား ဖမ်းမိရန် ကွင်းဆက် ရမိခဲ့ကြောင်း နှင့် အာဏာပိုင်များ သည် မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုသည့် အိမ်သုံး ဓါတုဆေးဝါးများကို သေတ္တာများထဲတွင် တွေ့ရှိခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.