Connect with us

Australia / Oceania

ပါပူဝါနယူးဂီနီနိုင်ငံတွင် အင်အား ၅.၉ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်

ပါပူဝါနယူးဂီနီနိုင်ငံ အားမြေပုံ၌ တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံ မာဒန်မြို့မြောက်ဘက် ၁၈၂ကီလိုမီတာအကွာတွင် ရစ်ချ်တာစကေး ၅.၉ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကဇန်နဝါရီ ၂၆ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် တောင်လတ္တီကျု ၃.၅၇၅၇ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၅.၈၀၃၄ဒီဂရီ ရှိ မြေပြင်အနက် ၁၀ကီလိုမီတာတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)