Connect with us

Australia / Oceania

သြစတြေးလျ နိုင်ငံ ရှိ လေယာဉ် တစ်စင်း ပျက်ကျ ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး

လေယာဉ် ပျက်ကျမှု ဖြစ်ပွား ခဲ့သည့် ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆစ်ဒနီ ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ New South Wales ပြည်နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်း အချိန်တွင် ရေပေါ်သွား လေယာဉ် တစ်စင်းသည် ဆစ်ဒနီ ဒေသတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် လူပေါင်း ၆ ဦး စလုံး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လေယာဉ် ပျက်ကျမှု သည် ဆစ်ဒနီ ဒေသ Jerusalem ပင်လယ်ကွေ့တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လေယာဉ် ပေါ်တွင် လေယာဉ်မောင်း တစ်ဦး နှင့် ခရီးသည် ၅ ဦး လိုက်ပါခဲ့ကြောင်း သိရှိရသည်။

New South Wales ပြည်နယ် ရဲတပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး အဖွဲ့ အနေဖြင့် အခင်းဖြစ်ပွားသည့် နေ့ ညပိုင်း အချိန်တွင် သေဆုံးသူ အားလုံး၏ ရုတ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွား ခဲ့သည့် လေယာဉ် သည် ဆစ်ဒနီရေပေါ်မောင်း လေယာဉ် ကုမ္ပဏီ ပိုင် လေယာဉ် တစ်စင်း ဖြစ်ပြီး ၎င်း ကုမ္ပဏီ အနေဖြင့် ခရီးသွား ဧည့်သည် များအား ဝေဟင် မှ ရှုခင်းအား ကြည့်ရန် ဝင်ဆောင်မှုပေးသော ကုမ္ပဏီ တစ်ခုဖြစ်ကာ လက်ရှိချိန်တွင် အစိုးရ အနေဖြင့် အခင်းဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။(Xinhua)