Australia / Oceania
သြစတြေးလျ တောင်ပိုင်းတွင် လေယာဉ်ငယ် ပျက်ကျ၊ လူ ၃ ဦး သေဆုံး

ကန်ဘာရာ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံ တောင်ပိုင်းရှိ ဒေသဆိုင်ရာ Mount Gambier မြို့ပြင်ပတွင် ဇွန်လ ၂၈ ရက် နံနက်ပိုင်းက လေယာဉ်ငယ် တစ်စင်း ပျက်ကျပြီးနောက် လူ ၃ ဦး သေဆုံးကာ အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်မှာ Australian Transport Safety Bureau (ATSB) ပိုင် TB10 Tobago လေယာဉ် ဖြစ်ပြီး ဒေသအလယ်ပိုင်း ပြင်ပ လယ်ကွင်းအတွင်းသို့ ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ဒေသခံ မီးသတ်တပ်ဖွဲ့ သတင်းတင်ပြချက်အရ ထို လေယာဉ်မှာ လယ်ကွင်းထဲ ပျက်ကျပြီးချိန်တွင် ပေါက်ကွဲခဲ့သလော သို့မဟုတ် ပျံသန်းနေစဉ် ပေါက်ကွဲသလော ဆိုသည်ကိုမူ သေချာမသိရသေးကြောင်း သိရသည်။
စုံစမ်းစစ်ဆေးသူများက လေယာဉ် ပျက်ကျရာ လမ်းကြောင်း တစ်လျှောက် လေ့လာသွားမည် ဖြစ်ကြောင်း ATSB ပြောကြားထားခဲ့သလို ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)