Connect with us

Australia / Oceania

သြစတြေးလျနိုင်ငံ ရှိ အကျဉ်းထောင်များအနီး ဒရုန်းလေယာဉ်များ ပျံသန်းမှုကို တားမြစ်

အကျဉ်းထောင်တစ်ခုအနီး ပျံသန်းနေသည့် ဒရုန်းတစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မေ ၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ရှိ ဗစ်တိုးရီးယား အကျဉ်းထောင်များ အနီး (သို့) အပေါ် ၌ မောင်းသူမဲ့လေယာဉ် (ဒရုန်း) များ ပျံသန်းမှုကို တားမြစ်ကြောင်း မေလ ၉ ရက် ကကြေညာခဲ့သည်။

ဗစ်တိုးရီးယားအစိုးရ က အကျဉ်းသားများသည် ဒရုန်းများကို အသုံးပြု၍ မှောင်ခိုပစ္စည်းများ အသွင်းအထုတ်ပြုလုပ်ခဲ့သော ဖြစ်စဉ် ဖြစ်ပွားပြီးနောက် နိုင်ငံ၏ လုံခြုံရေးအတင်းကျပ်ဆုံး အကျဉ်းထောင်များ အနီး (သို့) အပေါ် ၌ ဒရုန်းများ ပျံသန်းခြင်းမပြုနိုင်ရန် တင်းကျပ်သည့် ပျံသန်းမှုကင်းမဲ့ဇုန်များ သတ်မှတ်ပြီး ဥပဒေ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ၌ အမြင့် ၁၂၀ မီတာ အောက် အနိမ့်ပျံသန်းသည့် ရဟတ်ယာဉ်များကိုလည်းတားမြစ်ထားပြီး ဥပေဒကို ချိုးဖောက်ပါက အများဆုံးထောင်ဒဏ် ၂နှစ် ကျခံရမည်ဖြစ်ကာ အကျဉ်းထောင်အတွင်းသို့ အခြားနည်းလမ်းများဖြင့် မှောင်ခိုပစ္စည်းများ အသွင်းအထုတ်ပြုလုပ်သည့် အပြစ်ဒဏ် နှင့် ညီမျှကြောင်း သိရသည်။

ဗစ်တိုးရီးယား ရာဇဝတ်မှုကြီးကြပ်ရေးဝန်ကြီး Gayle Tierney က အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများ၊ လက်နက်များ နှင့် မိုဘိုင်းဖုန်းများ တရားမဝင် သွင်းရန်အတွက် ဒရုန်းများကို အသုံးပြုကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက အကျဉ်းထောင်လုံခြုံရေး တွင် အားနည်းချက်များရှိ မရှိကို သိရှိရန် စောင့်ကြည့်လေ့လာရေး ကိရိယာအဖြစ်လည်း ဒရုန်းများကို အသုံးပြုပါကြောင်း ပြောကြားခဲ့သည်။

Melbourne Assessement အကျဉ်းထောင်တွင် ၂၀၁၆ခုနှစ် မေလ က အကျဉ်းထောင် အနီးသို့ ပစ္စည်းတစ်ခု သယ်ဆောင်လာသည့် ဒရုန်းတစ်စင်း ပျံသန်းလာ၍ အားကစားခန်းမ မှ အကျဉ်းသားများကို နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

သြစတြေးလျ အကျဉ်းထောင်တစ်ခု ဖြစ်သည့် Metropolitan Remand Centre အတွင်းသို့ ဒရုန်းအသုံးပြု၍ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် တရားမဝင်ကြိုးစားခဲ့သော အမျိုးသားတစ်ဦးကို ၂၀၁၄ခုနှစ် မတ်လ ကဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းတွင် တရားမစွဲဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.