Connect with us

Australia / Oceania

သြစတြေးလျရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ၁ တန် ဖမ်းဆီးရမိ

သြစတြေးလျနိုင်ငံရဲတပ်ဖွဲ့ က ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား စစ်ဆေးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အာဏာပိုင်များက ဇွန်လ ၂၈ ရက်တွင် အက်ဖာတမင်း မူးယစ်ဆေး တစ် တန်ကျော် နှင့် လူ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။

နယူးဆောက်ဝေးပြည်နယ်(NSW) ရဲတပ်ဖွဲ့ဝင်များသည် ယနေ့(ဇွန်လ ၂၈ ရက်) နံနက်အစောပိုင်းတွင် ရုက္ခဗေဒဆိပ်ကမ်း၌ ကုန်တင်သင်္ဘောတစ်စင်း ပေါ်ရှိ ပစ္စည်းထုပ် ၂၆ ထုပ်ကို ရှာဖွေစစ်ဆေးခဲ့ရာ အက်ဖာတမင်းဆေးပြား တစ်တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းမူးယစ်ဆေးတန်ဖိုးသည် ကာလပေါက်ဈေး သြစတြေးလျ ဒေါ်လာ သန်း ၅ဝဝ (အမေရိကန် ဒေါ်လာ ၃၈၀.၁၆ သန်း) ရှိကြောင်း သိရသည်။

NSW ရဲတပ်ဖွဲ့ရဲမှူးကြီး Mick Fuller က သတင်းမီဒီယာများအား ပြောကြားရာတွင် ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် ၂ဝ၁၇ နှစ်အတွင်း အရေအတွက် အများဆုံး ပမာဏ ဖြစ်ကြောင်း ဆိုသည်။

“ ငွေသား ဒေါ်လာ တစ်သန်း ကျော် နဲ့လက်နက်တွေကို ဖမ်းဆီးရမိခဲ့တယ်။ ဒါဟာ ယခုနှစ်အတွက် ကြီးဆုံး စစ်ဆင်ရေးတစ်ခုဖြစ်သလို ရာဇဝတ်ဂိုဏ်းက မြွေနဲ့ နှိုင်းယှဉ်ပြောရရင် ဦးခေါင်းပိုင်းကို အသေအချာ ဖြတ်လိုက်တာပါပဲ” ဟု Fuller က ဆိုသည်။

အာဏာပိုင်များအနေဖြင့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ရန် ဇွန်လ၂၈ ရက် နှောင်းပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု မျှော်လင့်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.