Connect with us

Australia / Oceania

ဟာရီကိန်းမုန်တိုင်း မတ်သူး ကျူးဘား အရှေ့ပိုင်းကို ဝင်ရောက်

ဟာရီကိန်း မုန်တိုင်း မတ်သူး ရွှေ့လျားပုံအား မြေပုံတွင် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟာဗာနား၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အရှေ့ပိုင်းသို့ အောက်တိုဘာလ ၄ ရက် နေ့လည်ပိုင်းက ဟာရီကိန်းမုန်တိုင်း မတ်သူး (Matthew) ဝင်ရောက်ခဲ့ပြီး မိုးနှင့် လေပြင်းများ ပြင်းထန်စွာ ကျရောက်ခဲ့ကြောင်း သိရသည်။

ကျူးဘားနိုင်ငံပိုင် နေ့စဉ်သတင်းစာ Granma က နိုင်ငံ အရှေ့ပိုင်း ကမ်းခြေတလျှောက် ကြမ်းတမ်းစွာ ဝင်ရောက်ခဲ့သော မြင့်မားလှသော ပင်လယ် လှိုင်းလုံး ပုံများအား ပြသခဲ့သည်။

တစ်နာရီလျှင် လေတိုက်နှုန်း ၂၀၉ ကီလိုမီတာမှ ၂၅၁ ကီလိုမီတာအကြား တိုက်ခတ်နေသည့်အတွက် အဆင့် လေးအဖြစ် သတ်မှတ်ထားသည့် ဟာရီကိန်းမုန်တိုင်း မတ်သူးသည် မိုးရေချိန် လက်မ ၂၀၀ မီလီမီတာမှ ၅၀၀ မီလီမီတာ အထိ ရွာသွန်းနိုင်ပြီး တောင်ထူတပ်သောနေရာများ၌ မိုးရေချိန် ၅၀၀ မီလီမီတာအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ကျူးဘားနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတလျှောက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ကြောင်း Granma နေ့စဉ် သတင်းစာက ဖော်ပြထားသည်။

မတ်သူး မုန်တိုင်းသည် ဟေတီနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး လူ သုံးဦး သေဆုံးခဲ့ကာ ပျောက်ဆုံးသူများလည်း ရှိကြောင်းနှင့် လူပေါင်း ၉၀၀၀ ခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း သိရသည်။

ကျူးဘားနိုင်ငံတွင် ရေလွှမ်းမိုးခံရသည့် ကမ်းရိုးတန်း ဒေသများမှ ရွှေ့ပြောင်းရသူ ၄၃၀,၀၀၀ ဦး ရှိကြောင်း အရှေ့ဘက် ပြည်နယ်များဖြစ်သည့် ဂွာတာနာမို၊ ဆန်တီဂို၊ ဟိုလ်ဂွင်၊ ဂရန်မာနှင့် ကမ်မာဂွီတို့၌ အောက်တိုဘာလ ၃ ရက်မှ စတင်ခဲ့သည့် ဟာရီကိန်း သတိပေးချက် တည်ရှိနေဆဲ ဖြစ်သည်။

ကျူးဘားနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် အကြီးဆုံး မုန်တိုင်းသည် ၂၀၁၂ ခုနှစ်၌ တိုက်ခိုက်ခဲ့သည့် ဆန်ဒီ ဟာရီကိန်း ဖြစ်ပြီး ကျူးဘား အရှေ့တောင်ပိုင်းတွင် ပျက်စီးခဲ့ကြောင်း၊ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ ယင်း မုန်တိုင်းကြောင့် နယူးယောက်မြို့တွင် ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားခဲ့သည်။

ဟာရီကိန်း မုန်တိုင်း မတ်သူးသည် အောက်တိုဘာလ ၅ ရက်တွင် မြောက်-အနောက်မြောက်သို့ ရွှေ့လျားသွားမည်ဟု ခန့်မှန်းထားပြီး ဘဟားမားစ်နိုင်ငံနှင့် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.