Connect with us

Australia / Oceania

ဂူဂဲလ်၏ Pixel စမတ်ဖုန်းများကို သြစတြေးလျ၌ ပထမဆုံးမိတ်ဆက်

ဂူဂဲလ် စမတ်ဖုန်း မိတ်ဆက်ပွဲအခမ်းအနားအားတွေ့ ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ဂူဂဲလ် (Google)ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် Pixel နှင့် Pixel XL စမတ်ဖုန်းများကို သြစတြေးလျနိုင်ငံ၌ ပထမဆုံး စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဂူဂဲလ်၏ နည်းပညာမြင့် အန်းဒရိုက် စမတ်ဖုန်းသစ်ကို အောက်တိုဘာလ ၅ ရက်တွင် Google အွန်လိုင်းစတိုးမှ တဆင့် သြစတြေးလျနိုင်ငံ၌ စတင်ရောင်းချပေးမည်ဖြစ်သည်။တောက်ပသော အလူမီနီယံကိုယ်ထည်ဖြင့်ဖန်တီးထားသည့် Google စမတ်ဖုန်းတွင် တပ်ဆင်ထားသော ကင်မရာများသည် iPhone 7 ကို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရသည်။ထို့ပြင် Pixel စမတ်ဖုန်းကို ဝယ်ယူအသုံးပြုသူများအနေဖြင့် ဂူဂဲလ်၏ ဓာတ်ပုံ နှင့် ဗီဒီယို သိမ်းဆည်းရေး အစီအစဉ်ကို အခမဲ့ရယူနိုင်ကြောင်း သိရသည်။ အဆိုပါ ဖုန်းကို သြစတြေးလျ၏ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Telstra နှင့် reseller JB Hi-Fi တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။၎င်းစမတ်ဖုန်းများသည် မျက်နှာပြင် ၅ လက်မ နှင့် ကိုယ်ထည်မျက်နှာပြင်တစ်ခုလုံးအကျယ်သည် ၅.၅ လက်မရှိပြီး သြစတြေးလျဒေါ်လာ ၁ဝ၇၉ (အမေရိကန်ဒေါ်လာ ၈၂၁ ) ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ၎င်းသည် နောက်ဆုံးပေါ်အိုင်ဖုန်း (သို့မဟုတ်) ဆမ်ဆောင်းဖုန်းများ၏ ဈေးနှုန်းများနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။

ဂူဂဲလ်၏ ပထမဆုံးစမတ်ဖုန်းတွင် နားကျပ် ၊ စမတ်ဖုန်းစပီကာ ၊ Wi-Fi router ၊ Chromecast ဗားရှင်းအမြင့်ကို အဆင့်မြှင့်တင်ပေးနိုင်မည့် နည်းပညာများဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။ ၎င်းဖုန်းကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ အောက်တိုဘာလ ၅ ရက်တွင် မိတ်ဆက်ပြီးနောက်တွင် တစ်ကမ္ဘာလုံး၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)