Connect with us

Australia / Oceania

ဆစ်ဒနီမြို့တွင် ကိုကင်းနှင့် MDMA မူးယစ်ဆေးဝါး မက်ထရစ်တန်တစ်ဝက်ကျော် ဖမ်းဆီးမိ

သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မေ ၂၈ ရက် (ဆင်ဟွာ)

မေလအစောပိုင်းက ဆစ်ဒနီမြို့သို့ရောက်ရှိလာခဲ့သော အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက် တန်ဖိုးရှိသည့် ကိုကင်းနှင့် MDMA တင်ဆောင်လာသည့် ကုန်ပစ္စည်းတင်ပို့မှုတစ်ခုအား သြစတြေးလျနယ်စပ်တပ်ဖွဲ့ (ABF) အရာရှိများက ကြားဖြတ်ဖမ်းမိခဲ့ကြောင်း သိရသည်။

ကိုကင်း ၃၁၂ ကီလိုဂရမ်နှင့် MDMA ၂၃၆ ကီလိုဂရမ်ဝန်းကျင်အား ခေါင်းလျှော်ရည်အဖြစ် အကောက်ခွန်၌ ကြေညာထားသော သင်္ဘောကွန်တိန်နာအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အား ထပ်မံစုံစမ်းစစ်ဆေးရန်နှင့် ခြေရာခံရန် မှုခင်းအဖွဲ့၊ ABF စုံစမ်းစစ်ဆေးသူများနှင့် နယူးဆောက်ဝေး မှုခင်းကော်မရှင်များပါဝင်သော ပူးတွဲအထူးအဖွဲ့အား ဖွဲ့စည်းခဲ့သည်။

အာဏာပိုင်များမှ ဖမ်းမိခဲ့သော ကိုကင်းပမာဏမှာ ခန့်မှန်းကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄.၇ သန်းနှင့် MDMA မှာ ခန့်မှန်းကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၃၂.၆ သန်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.