Eastern Europe
ရုရှား အနောက်တောင်ပိုင်းတွင် ယာဉ်မတော်တဆဖြစ်ကြောင့် သေဆုံးသူ ၉ ဦး ရှိ

မော်စကို ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Krasnodar နယ်စပ်ဒေသတွင် ဇူလိုင် ၆ ရက်က ယာဉ်မတော်တဆ မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုမှာ Krasnodar နယ်စပ်ဒေသ Belorechensk မြို့ လူနေရပ်ကွက်အနီး တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အသေးစားခရီးသည်တင်ယာဉ်နှစ်စီး လမ်းအကွေ့နေရာတွင် အရှိန် မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ၊အခင်းဖြစ်ပွားသည့် ယာဉ်နှစ်စီးသည် ခရီးသည် ၅ ဦးစီ တင်ဆောင်လာခြင်းဖြစ်ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် ကလေးငယ်တစ်ဦးပါဝင်ကြောင်း၊ ဒဏ်ရာရသူ အမျိုးသမီး တစ်ဦးကို နီးစပ်ရာ ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း ITAR-TASS သတင်းဌာနမှ သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာဌာနများက ယာဉ်တိုက်မှုဖြစ်ပွားသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ် သည်။ (Xinhua)