Connect with us

Eastern Europe

ယူကရိန်းလေတပ်က ခေတ်မီ An-26KPA လေယာဉ်များ လက်ခံရရှိ

An-26KPA လေယာဉ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ လေတပ်သည် ခေတ်မီ စမ်းသပ်ခန်းပါ An-26KPA လေယာဉ်တစ်စင်းကို ဇူလိုင် ၆ ရက်က လက်ခံရရှိကြောင်း နိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီ က ဆိုသည်။

အဆိုပါ လေယာဉ်သည် ကိဗ်လေယာဉ်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ် ၄၁ဝ ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး လေကြောင်းပျံသန်မှု နယ်ပယ်တွင် ရေဒါကိရိယာများ အလုပ်လုပ်ခြင်းကို စုံစမ်းထောက်လှမ်းရန် ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။

An-26KPA သည် စစ်ဘက်-အရပ်ဘက် ပို့ဆောင်ရေးအတွက် အင်ဂျင်နှစ်လုံးပါ ဆိုဗီယက်-နည်းပညာဖွံ့ဖြိုးရေးအစီအစဉ် An-26 လေယာဉ်ကို ခေတ်မီအောင် အဆင့်မြှင့်တင်ထားခြင်း ဖြစ်ကြောင်း ၊ ၎င်းလေယာဉ်သည် ခရီးအကွာအဝေး ၂,၅ဝဝ ကီလိုမီတာအထိ အများဆုံးပျံသန်းနိုင်ကြောင်း နှင့် တစ်နာရီ ၄၄ဝ ကီလိုမီတာဖြင့် အမြန်ဆုံး ပျံသန်းမောင်းနှင်နိုင်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံး၌ An-26KPA အမျိုးအစား လေယာဉ်ခန့်မှန်းခြေ အစင်း ၂ဝ ခန့်ရှိကြောင်း သိရသည်။(Xinhua)