Connect with us

Eastern Europe

(၈)ကြိမ်မြောက် တရုတ်-အရှေ့အလယ်ပိုင်းဥရောပနိုင်ငံများ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က တက်ရောက်အမှာစကားပြောကြား

တရုတ်နိုင်ငံ ၀န်ကြီးချုပ်လီခဲ့ချန်က (၈)ကြိမ်မြောက် တရုတ်-အရှေ့အလယ်ပိုင်းဥရောပနိုင်ငံ များ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ )

ဆိုဖီယာ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် အရှေ့အလယ်ပိုင်း ဥရောပ ၁၆ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ဆိုဖီယာမြို့ယဉ်ကျေးမှုနန်းတော်တွင် ကျင်းပသည့် (၈)ကြိမ် မြောက် တရုတ်-အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထိုသို့အမှာစကား ပြောကြားရာတွင် ဝန်ကြီးချုပ်လီက တရုတ်-အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ခေတ်အခါ၏လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်သောကြောင့် ဘက်ပေါင်းစုံ၏အကျိုးစီးပွားနှင့်ကိုက်ညီမှုရှိကြောင်း ၊ ယခုနှစ်ပိုင်းများတွင် နှစ်ဖက်ကုန်သွယ်ရေး ပမာဏသည် အဆက်မပြတ် ကျယ်ပြန့်လာပြီး အပြန်အလှန် ရင်းနှီးမြုပ်နှံမှုများသည် တည်ငြိမ် တိုးတက်လျက်ရှိရာ အခြေခံအဆောက်အအုံဆက်သွယ်မှုများကိုလည်း စနစ်တကျဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် အပြန်အလှန်အကျိုးဖြစ်ထွန်းကာ ပြည်သူများ၏အကျိုးစီးပွားလည်း တိုးပွားလာ ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “16+1 ပူးပေါင်းဆောင်ရွက်မှု”သည် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်ပြီး ဥရောပသမဂ္ဂ၏ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥရောပတိုက် ပေါင်းစည်းရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ၊ “16+1 ပူးပေါင်းဆောင်ရွက်မှု” သည် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၊ ဥရောပသမဂ္ဂ၏ဥပဒေမူဘောင်များနှင့်အညီ ပွင့်လင်းမြင်သာ စွာ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းကြီးဖြစ်ပြီး တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ၏ဆက်ဆံရေး တိုးတက်မှုအတွက် အားသစ်လောင်းပေးနိုင်သလို တရုတ်-ဥရောပ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မည့် အားမာန်သစ် လည်းဖြစ်ကြောင်း၊ ရှုပ်ထွေးပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်သည့်အခါတွင် တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများနှင့်အတူရပ်တည်ကာ လိုအပ်ချက်များကို အပြန်အလှန်ဖြည့်စွက်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် တွန်းအား ပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဘူဂေးရီးယားနိုင်ငံဝန်ကြီးချုပ် Boyko Borisovကလည်း “16+1 ပူးပေါင်းဆောင်ရွက်မှု”သည် ဥရောပ သမဂ္ဂအတွင်း ဖွံ့ဖြိုးမှုအားနည်းနေသေးသည့်နိုင်ငံများကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် အထောက် အကူပြုနိုင်မည့်အပြင် ဥရောပသမဂ္ဂ၏ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၊ ဤပလက်ဖောင်းသည် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ အကြား အပြန်အလှန်ဆက်သွယ်မှုများနှင့် အခြေခံအဆောက်အအုံတည်ဆောက်မှုများတွင် အားထား ရလောက်သည့် အထောက်အကူများ ပေးခဲ့ကြောင်း ၊ ဘူဂေးရီးယားအပါအဝင် ဘော်လ်ကန် ကျွန်းဆွယ်နိုင်ငံများသည် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများဖြစ်သလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များလည်းဖြစ်ကြောင်း ၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ကိုသာမက ဥရောပတိုက် တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ၊ အရှေ့အလယ်ပိုင်း ဥရောပ နိုင်ငံများကလည်း တရုတ်နိုင်ငံနှင့်အတူ “16+1ပူးပေါင်းဆောင်ရွက်မှု”များ ပိုမို အောင်မြင်လာစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ၏ အစိုးရနှင့် ကုန်သည် စက်မှုလုပ်ငန်းများမှ ကိုယ်စားလှယ် တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.