Connect with us

Eastern Europe

ဝင်ရောက်စွက်ဖက်ရန် အကြမ်းဖက်ဝါဒကို စွပ်စွဲချက်အဖြစ် အမေရိကန်ကအသုံးပြုနေကြောင်း ရုရှားဥပဒေပြုအမတ်ပြော

ဆီးရီးယားနိုင်ငံ၌ IS စစ်သွေးကြွများကို ချေမှုန်းနေသည့် ရုရှား ဗုံးကြဲလေယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အကြမ်းဖက်တိုက်ဖျက်ရေးကို လက်နက်တစ်ခု နှင့် ဆင်ခြေဆင်လက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ပြောသည်။

ယင်းသည် အစိုးရအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို တစ်ဖြည်းဖြည်း ထိခိုက်စေပြီး အကြမ်းဖက်ဝါဒပိုမိုမြင့်တက်လာအောင် ဦးတည်သွားစေကြောင်း Volodin ၏ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဒီဇင်ဘာ ၉ ရက်တွင်ဖော်ပြခဲ့သည်။

“ အရှေ့အလယ်ပိုင်နဲ့မြောက်အာဖရိကဒေသက နမူနာတစ်ခုပဲ။ ၂ဝ၁၁ခုနှစ် ကနေ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတကာအကြမ်းဖက်သမားတွေဟာ အကြမ်းဖက်အတုအယောင်နိုင်ငံတစ်နိုင်ငံလို့ပုံဖော်ဖို့ ဆီးရီးယားနိုင်ငံမှာ ကြီးထွားလာတယ်” ဟု အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အာဖဂန်နစ္စတန် ၊ တရုတ် ၊ အီရန် ၊ ပါကစ္စတန် ၊ ရုရှား နှင့် တူရကီနိုင်ငံများမှ ဥပဒေပြုအဖွဲ့ခေါင်းဆောင်များ ပါဝင်သည့် ညီလာခံတစ်ခုတွင်မိန့်ခွန်းပြောကြားစဉ် Volodinက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။တစ်ချိန်တည်းမှာပင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် အခြားနိုင်ငံများက အောင်မြင်မှုမရရှိခဲ့ခြင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ရုရှား ၊ အီရန် နှင့် တူရကီ နိုင်ငံတို့၏ အားထုတ်မှုကြောင့် ဆီးရီးယားပိုင်နက်နယ်မြေအများအပြားမှာ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုလက်ထဲမှ ပြန်လည်လွတ်မြောက်ခွင့်ရခဲ့ကြောင်း Volodin က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.