Connect with us

Eastern Europe

ကမ္ဘာ့ခေတ်မီစစ်လက်နက်ပိုင်ဆိုင်မှုဦးဆောင်သူအဖြစ် ရုရှားစစ်တပ်က ခေတ်မီလက်နက် ၆၁.၅ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားကြောင်း ကာကွယ်ရေးဝန်ကြီးပြော

ရုရှားနိုင်ငံ စိန့် ပီတာစဘတ်မြို့ ၌ ကျင်းပသည့် စစ်ရေးပြအခမ်းအနားတစ်ခုတွင် S-400 မြေပြင်မှ ဝေဟင်ပစ် ခေတ်မီဒုံးကျည်များပြသထားစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင်ရှိသော လက်နက်ပမာဏအားလုံး၏ ၆၁.၅ ရာခိုင်နှုန်းမှာ ခေတ်မီလက်နက်များအဖြစ်သို့ရောက်ရှိပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဆာဂျီရှိုဂူ(Sergei Shoigu) က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“ စုစုပေါင်းအနေနဲ့ကျွန်တော်တို့ဟာ ခေတ်မီလက်နက်ပေါင်း ၁,၅ဝဝ ကျော်နဲ့ စစ်ဖက်အသုံးအဆောင်ပစ္စည်းအမျိုးပေါင်း ၈ဝ,ဝဝဝ ကျော်အထိ ပိုင်ဆိုင်ထားပါတယ်။ ဒါဟာသိပ်ကိုများပြားတဲ့ပမာဏပါ။ ယေဘူယျအားဖြင့် လက်နက်တပ်ဆင်မှုအားလုံးရဲ့ ၆၁.၅ ရာခိုင်နှုန်းအထိ ခေတ်မီလက်နက်တွေ ပိုင်ဆိုင်ထားပြီးပါပြီ” ဟု ဝန်ကြီးဌာန၏ ပြည်သူ့ကောင်စီ အစည်းအဝေးတွင် ရှိုဂူက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ခေတ်မီစစ်လက်နက်ပိုင်ဆိုင်မှုပမာဏကို ၂ဝ၁၉ ခုနှစ်တွင် ၆၇ ရာခိုင်နှုန်း နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၇ဝ ရာခိုင်နှုန်းအထိ ရောက်ရှိပိုင်ဆိုင်နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း ရှိုဂူ၏ပြောကြားချက်အရ သိရသည်။

၂ဝ၁ဝ-၂ဝ၂ဝ ရုရှားနိုင်ငံတော်စစ်လက်နက်အစီအစဉ်အတွက် လုပ်ငန်းပိုင်းဆိုင်ရာများ ပြင်ဆင်မှု နှင့် အကောင်အထည်ဖော်မှုကို လုပ်ငန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.