Eastern Europe
တရုတ် သံအမတ်ကြီး ရုရှားနိုင်ငံ၏ Order of Friendshipဆုရရှိ

မော်စကို၊ မေ ၁၄ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ် သံအမတ်ကြီး Li Huiကို ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က မေ ၁၃ ရက်က Order of Friendshipဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ Order of Friendshipဆုချီးမြှင့်သည့် သမ္မတ အမိန့်ကို ရုရှားနိုင်ငံ၏ တရားဝင် သတင်းဝက်ဆိုက်ပေါ်တွင် တင်ထားကြောင်း သိရသည်။
နှစ်နိုင်ငံ ချစ်ကြည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရေး ကူညီပေးသလို နှစ်နိုင်ငံ ယဉ်ကျေးမှုများ ထိတွေ့မှုနှင့် အပြန်အလှန် ကြွယ်ဝမှုများဖြစ်စေရန် အကျိုးရှိသည့် ၎င်း၏ လုပ်ရက်များကြောင့် ယင်းဆုကို သံအမတ်ကြီး Li Huiက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)