Connect with us

Eastern Europe

အာတိတ် ၊ ပစိဖိတ်သမုဒ္ဒရာများပေါ်တွင် ရုရှားမဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များအား အမေရိကန်တိုက်လေယာဉ်များလိုက်ပါစောင့်ကြည့်

ရုရှားနိုင်ငံ ရင်ပြင်နီပေါ်၌ ၂ဝ၁၉ ခုနှစ် မေ ၇ ရက်က အစမ်းပျံသန်းလေ့ကျင့်နေသည့် Tu-95MS ဗုံကြဲလေယာဉ်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၂ ရက်(ဆင်ဟွာ)

အာတိတ် နှင့် ပစိဖိတ် သမုဒ္ဒရာများ၏ နိုင်ငံတကာရေပိုင်နက်များပေါ်တွင် ပုံမှန်လေ့ကျင့်ပျံသန်းရေးပြုလုပ်နေသည့် ရုရှားနိုင်ငံမှ Tu-95MS မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် ၄ စင်းအား အမေရိကန်တိုက်လေယာဉ်များက ခြံရံလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန မေ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ထိုသို့လမ်းကြောင်းအတိုင်း တိတိကျကျပျံသန်းနေစဉ် ရုရှားလေယာဉ်များအား အမေရိကန်လေတပ်မှ F-22 ဂျက်တိုက်လေယာဉ်များက လိုက်ပါစောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Chukchi ၊ Bering နှင့် Okhotsk ပင်လယ်ပြင်များအပြင် Aleutian ကျွန်း၏ မြောက်ပိုင်းကမ်းရိုးတန်း နှင့် Alaska ၏ အရှေ့ပိုင်းကမ်းရိုးတန်း များအပေါ်တွင် ပျံသန်းချိန် ၁၂ နာရီကြာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရုရှားနိုင်ငံခရီးဝေးမောင်းနှင်သော စစ်ဘက်လေယာဉ်များသည် အာတိတ် ၊ အန္တာတိက နှင့် ပစိဖိတ် သမုဒ္ဒရာများ၏ နိုင်ငံတကာရေပိုင်နက်များပေါ်တွင် ပုံမှန်ပျံသန်းမှုများပြုလုပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

လေယာဉ်များအားလုံး နိုင်ငံတကာလေပိုင်နက်ကို အသုံးပြုရန်အတွက် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အတူ လုပ်ဆောင်ခဲ့ကြောင်း နှင့် တခြားနိုင်ငံများ၏ ပိုင်နက်နယ်မြေများသို့ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.