မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက လာမည့် ၁၈ – ၁၉ လအတွင်း အိန္ဒိယနိုင်ငံသို့S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပထမအသုတ်ကို ပေးပို့သွားမည်ဖြစ်ကြောင်း ၊ ယင်းအတွက် အိန္ဒိယက ကြိုတင်ပေးချေငွေ ပေးထားပြီးဖြစ်ကြောင်း ရုရှားမီဒီယာက စက်တင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။
ဗလာဒီဗော့စတော့ ၊ ရုရှား ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) ၅ ကြိမ်မြောက် အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ်၏ ဆက်စပ် အစည်းအဝေးတစ်ခုတွင် နှစ်နိုင်ငံခေါင်းဆောင်များ နှင့် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပြီးနောက် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စများအပြင် စစ်လက်နက်များ ပူးတွဲ ထုတ်လုပ်ရန်အပါအဝင် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်...
မော်စကို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ် ၊ အိန္ဒိယ ၊ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ်စတန် နှင့် ဥဇဘတ်ကစ်စတန် နိုင်ငံများမှ စစ်သည်များသည် ရုရှားနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက် မှ ၂၁ ရက်အထိ ပြုလုပ်မည့်...
ကိဗ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် Ukroboronprom အုပ်စု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံပိုင် တင့်ကားထုတ်လုပ်သည့် Lviv စက်ရုံမှ ၂ဝ၁၇ မော်ဒယ် T-64 ခေတ်မီနောက်ဆုံးပေါ် တင့်ကားမျိုးဆက်ကို ပြသခဲ့ကြောင်း Ukroboronprom အုပ်စု၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မော်စကို ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) သမုဒ္ဒရာပြင် ၂ဝ၁၉ ရေတပ်လေ့ကျင့်ရေး (Ocean Shield-2019 naval exercises) အစီအစဉ်တစ်ရပ်အနေဖြင့် ရုရှားနိုင်ငံ၏ Tu-95MS မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် နှစ်စင်းသည် အမေရိကန် တိုက်လေယာဉ်များခြံရံလိုက်ပါလျှက် Bering ဘီရင်းပယ်လယ်ပြင်ပေါ် ၁ဝ နာရီကျော်ကြာ ဖြတ်ကျော် လေ့ကျင့်ပျံသန်းမှု...
မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ် (Tu-142 anti-submarine aircraft) နှစ်စင်းသည် ပစိဖိတ်ရေတပ်အခြေစိုက်စခန်းမှနေ၍ ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ကျော်ပျံသန်းကာ ပင်လယ်ပြင်ကင်းလှည့်လည်ထောက်လှမ်းခြင်း တစ်ခုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအရှေ့ဖျားပိုင်း Khabarovsk ဒေသ၌ ဇူလိုင် ၂၃ ရက် အစောပိုင်းက ကလေးဂေဟာတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။
မော်စကို၊ ဇူလိုင် ၁၉ရက် (ဆင်ဟွာ) ဇူလိုင် ၁၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ် မှ အာမေးနီးယားနိုင်ငံ ၏ မြို့တော် ရီရယ်ဗန် သို့ ဦးတည်ပျံသန်းမည့် လေယာဉ်တစ်စီး၏ လေယာဉ်မှူးအခန်းတွင်း မှ မီးခိုးများထွက်ရှိပြီးနောက် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခဲ့ကြောင်း Sputnik သတင်းဌာန က...
မော်စကို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ရုရှားတပ်မတော်(ရေ) အထိမ်းအမှတ်စစ်ရေးပြအခမ်းအခမ်းအနားများကို ရုရှားတစ်နိုင်ငံလုံး နှင့် ဆီးရီးယားရှိ ၎င်း၏ ရေတပ်အခြေစိုက်စခန်းများတွင် ဇူလိုင်လ ၂၈ ရက် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇူလိုင် ၁၆ ရက်တွင်ပြောသည်။