Connect with us

Eastern Europe

နေတိုးတပ်ဖွဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ရုရှားက အနောက်ဘက်ပိုင်း စစ်တိုင်းအတွင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းသွားမည်

မော်စကို ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် (NATO) နေတိုးစစ်မဟာမိတ်စာချုပ်အဖွဲ့၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ အနောက်ဘက်ပိုင်း စစ်တိုင်းအတွင်း တပ်ဖွဲ့အသစ် ၂၀ ကျော် တိုးချဲ့ဖွဲ့စည်း တပ်ချသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။“ အနောက်နိုင်ငံ အပေါင်းအပါတွေရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့လုံခြုံရေးကို ဖျက်ဆီးနေပါတယ်၊ အဲဒါဟာ ကျွန်တော်တို့ကို စွမ်းရည်မြင့် တန်ပြန်အရေးယူမှုတွေလုပ်သွားဖို့ တွန်းအားပေးနေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနဘုတ်အဖွဲ့အစည်းအဝေးအတွင်း ဝန်ကြီး Shoigu က ထည့်သွင်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အချိန်တိုင်းမြှင့်တင်သွားဖို့ ရည်မှန်းထားပါတယ် ” ဟု ၎င်းက ဆိုသည်။ တပ်ဖွဲ့သစ်များ ဖွဲ့စည်းသွားရန် ၊ အနောက်ဘက်ပိုင်း စစ်တိုင်းအနေဖြင့် ယခုနှစ်အတွင်း ပိုမို ခေတ်မီသော စစ်လက်နက်များ နှင့် အသုံးအဆောင်များ လက်ခံရရှိသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ဥရောပတိုက်တွင် အမေရိကန်၏ မဟာဗျူဟာမြောက် လေကြောင်းလှုပ်ရှားမှုများ ပိုမိုကြီးထွားလာခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် စစ်ရေးခြိမ်းခြောက်မှုကို တိုးမြင့်ကြုံတွေ့နေရကြောင်း ၊ ယင်းမှာ လွန်ခဲ့သော ၇ နှစ်ကထက် ၁၄ ဆ ပိုမိုမြင့်မားကြောင်း ဝန်ကြီးက ဆိုသည်။ အမေရိကန် နှင့် ၎င်း၏ နေတိုးမဟာမိတ်တပ်ဖွဲ့သည် ရုရှားနယ်စပ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ တိုးချဲ့ကာ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“Defender Europe 2021 စစ်ရေးလေ့ကျင့်မှုကို ယခုအခါ လုပ်ဆောင်နေဆဲဖြစ်ပါတယ် ၊ အဲဒါက နှစ်ပေါင်းသုံးဆယ်အတွင်း အကြီးဆုံး လေ့ကျင့်မှုပါ ၊ တပ်ဖွဲ့ဝင်ပေါင်း ၄၀,၀၀၀ ကျော်ပါဝင်လှုပ်ရှားနေပါတယ်၊ သူတို့ရဲ့အဓိက ရည်မှန်းချက်က အမေရိကန်ကနေ ဥရောပဆီ တပ်မကြီးတစ်ခုလုံး ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်အတွက်ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။(Xinhua)

——————————————————
(English Version)

Russia to strengthen Western Military District amid NATO threat

MOSCOW, May 31 (Xinhua) — Russia will create about 20 new units and formations in its Western Military District by the end of this year to counter threat of the North Atlantic Treaty Organization (NATO), Defense Minister Sergei Shoigu said Monday.

“The actions of our Western colleagues are destroying the global security system and forcing us to take adequate countermeasures,” Shoigu said during a meeting of the Defense Ministry’s Board.

“We aim to constantly improve the combat composition of our troops,” he stressed.In addition to the establishment of new military units, the armed forces of the Western Military District will receive more modern weapons and equipment this year, Shoigu said.

The minister said Russia is facing increasing military threat, due to the growing intensity of U.S. strategic aviation activities in Europe, which have increased 14 times over the past seven years.

He noted that the United States and its NATO allies are continuing to expand drills near Russia’s borders.”The Defender Europe 2021 exercises are currently being carried out. These are the largest in the past 30 years, with the involvement of up to 40,000 military personnel.

Their main goal is to work out the transfer of a full-fledged division from the United States to Europe,” he said.Military vehicles are seen before a rehearsal of the Victory Day parade in Moscow, Russia, on May 4, 2021. (Photo by Alexander Zemlianichenko Jr/Xinhua)