Connect with us

Eastern Europe

ရုရှားနိုင်ငံမော်စကိုမြို့တော်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ တစ်သန်း ထိရောက်ရှိလာ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသောအမျိုးသားတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊မတ် ၁၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမော်စကိုမြို့တော်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၉၀၅ ဦး ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်း ၁,၀၀၀,၃၉၄ ဦးထိ ရှိလာကြောင်း ရုရှားနိုင်ငံ COVID-19 ရောဂါတုံ့ပြန်ရေးစင်တာက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော နှစ် ဒီဇင်ဘာလဆန်း ပိုင်းမှ စတင်ကာ လူအမြောက်အမြားအား ကာကွယ်ဆေး ထိုးနှံမှု စတင်ချိန်ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် COVID-19 ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းခဲ့ရာ နိုင်ငံအတွင်း ကပ်ရောဂါဆိုးရွားဆုံးခံစားနေရဒေသတစ်ခုဖြစ်သော မြို့တော်၌ ယခင်က ချမှတ်ထားသည့် ကန့်သတ်ချက်များစွာကို ဖယ်ရှားပေးခြင်းသို့မဟုတ် မြို့တော်အတွင်း သက်သောက်သက်သာစွာ နေထိုင် သွားလာနိုင်အောင်ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်တွင် မော်စကိုမြို့တော်ဝန် Sergei Sobyanin က အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအပါအဝင် နာတာရှည်ရောဂါ ခံစားနေရသူများအတွက် မဖြစ်မနေ သီးခြားခွဲနေထိုင်မှု ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့သည်။ သို့သော် ထိုသူများအနေဖြင့် မလိုအပ်ပါက ခရီးသွားလာခြင်းမပြုရန် နှင့် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် မြို့တော်ဝန်က တိုက်တွန်းခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်ခံရသူ လူနာသစ် ၁၀,၀၈၃ ဦးရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄,၃၉၀,၆၀၈ ဦးထိ ရှိလာခဲ့သည်။
ထို့ပြင် နောက်ထပ် သေဆုံးသူ ၃၉၅ ဦးရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း သေဆုံးသူ ၉၂,၀၉၀ ဦးထိရှိလာခဲ့သည်။ ပြီးခဲ့သော ရက်က ရောဂါသက်သာပျောက်ကင်းသူ ၉,၂၃၂ ဦး အပါအဝင် မတ် ၁၄ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါမှ ပြန်လည်သက်သာပျောက်ကင်းသူ ၃,၉၉၅,၁၂၉ ဦး ရှိကြောင်း သိရသည်။ရုရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ စစ်ဆေးမှု အခုရေပေါင်း ၁၁၅.၂ သန်း ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)

COVID-19 cases in Russia’s capital top 1 mln
MOSCOW, March 14 (Xinhua) — Local COVID-19 infections increased by 1,905 over the past 24 hours to reach 1,000,394, Russia’s COVID-19 response center said on Sunday.
As the Russian capital is seeing a decline in COVID-19 cases since the start of mass vaccinations in early December, many restrictions have been lifted or relaxed in the city, the country’s worst-hit region.

Last week, Moscow Mayor Sergei Sobyanin canceled the obligatory self-isolation for people aged 65 and above as well as those with chronic diseases. But he called on them to abstain from unnecessary travel and receive COVID-19 jabs.

The whole country reported 10,083 new COVID-19 cases over the past 24 hours, bringing the nationwide tally to 4,390,608.
Another 395 deaths were reported, taking the country’s death toll to 92,090. To date, 3,995,129 people have recovered, including 9,232 over the past day.
More than 115.2 million COVID-19 tests have been conducted across the country. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.