မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားအစိုးရမီဒီယာက ဇွန် ၁၇ ရက်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်စဉ် ပျောက်ဆုံးနေသည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ဦး၏ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ အဓိကဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဖြစ်သည့် Gazprom က နှစ်စဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိသောကြောင့် တူရကီ Stream ပိုက်လိုင်း မှတဆင့် ပို့လွှတ်နေသော ပိုက်လိုင်းနှစ်ခုစလုံးကို လာမည့် ဇွန် ၂၁ ရက်မှ ၂၈ ရက်အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဇွန်...
မော်စကို ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် အီရန်နိုင်ငံသမ္မတ အီဗရာဟင်ရိုင်စီ( Ebrahim Raisi) တို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေးစီမံကိန်းများ ပူးတွဲ အကောင်အထည်ဖော်ရန် အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တသမတ်တည်းမြှင့်တင်ရန် နှစ်ဖက်ဘုံအသင့်ရှိကြောင်းကို ဇွန် ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သမ္မတပူတင်...
မော်စကို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့သို့ ဦးတည်ပျံသန်းသော ၎င်း၏ လေယာဉ်ခရီးစဉ် ဟန့်တားပိတ်ဆို့ခံရခြင်းနှင့်ပတ်သက်၍ ဆားဗီးယားပတ်ပတ်လည်ရှိ အိမ်နီးချင်းနိုင်ငံများ၏ “ မထင်မှတ်ထားသော ဆုံးဖြတ်ချက်များ” အပေါ် ဇွန် ၆ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။
ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရုရှားသည် ယူကရိန်း၏ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် နှောက်ယှက်ခြင်းမကြောင်း၊ စားနပ်ရိက္ခာ အကျပ်အတည်း ပိုမိုပြင်းထန်လာသည်ဟု ရုရှားအပေါ် အနောက်တိုင်းနိုင်ငံများ၏ ပြစ်တင်မှုက ၎င်းတို့အနေဖြင့် တာဝန်လွှဲချရန်သာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က ဇွန် ၃ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အကူအညီများ တိုးလာပြီး ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မေ ၂၃ ရက်(ဆင်ဟွာ) မာရီယူပိုးလ် Azovstal သံမဏိစက်ရုံအတွင်း ပိတ်မိနေသော နောက်ဆုံးအသုတ် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လက်နက်ချပြီးနောက် မာရီယူပိုးလ်မြို့တစ်ခုလုံးကို ရုရှားစစ်တပ်များ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ မေ ၂၂ ရက်(ဆင်ဟွာ) ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom က ရူဘယ်ငွေကြေးဖြင့် ပေးချေခြင်းမရှိသောကြောင့် ဖင်လန်နိုင်ငံ၏ နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီ Gasum အား မေ ၂၁ ရက်မှစတင်ကာ ဓာတ်ငွေ့ထောက်ပံ့မှု အလုံးစုံဆိုင်းငံ့လိုက်ကြောင်း အတည်ပြုခဲ့သည်။
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) ဖင်လန်နှင့် ဆွီဒင်တို့က မေ ၁၈ ရက်တွင် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်လျှောက်ထားခဲ့ကြောင်း သိရသည်။ယင်းနှစ်နိုင်ငံက ရေရှည်လက်ကိုင်ကျင့်သုံးခဲ့သည့် ကြားနေရပ်တည်မှုနှင့် စစ်ရေးမဟာမိတ်မဖွဲ့ခြင်းမူဝါဒကို စွန့်လွှတ်ခဲ့ရာ အနောက်မီဒီယာများက ၎င်းကို “ဆယ်စုနှစ်အတွင်း ဥရောပလုံခြုံရေးမူဘောင်၏ အကြီးမားဆုံး ပြောင်းလဲမှုထဲမှတစ်ခု” ဖြစ်ကြောင်း...
စတော့ဟုမ်း၊ မေ ၁၈ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့(NATO)တွင် ပါဝင်ရန် ဖင်လန်နှင့်ဆွီဒင်က ဆုံးဖြတ်သည့်အပေါ် ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ဖင်လန်၊ ဆွီဒင်ကြားတွင် ပြဿနာမရှိခြင်းကြောင့် နေတိုးအဖွဲ့သို့ ၎င်းတို့ ပါဝင်ခြင်းက ရုရှားအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုမဖြစ်စေကြောင်း၊ သို့သော်လည်း နေတိုးစစ်ရေးအခြေခံအဆောက်အအုံများ ယင်းနှစ်နိုင်ငံသို့ တိုးချဲ့လာမှုကို ရုရှားက တုန့်ပြန်မည်ဖြစ်ကြောင်း...