ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ပဋိပက္ခများ၏ နောက်ဆုံးရအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
ကိဗ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၄ ရက် ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံး အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပင်မထောက်လှမ်းရေးဦးစီးဌာနက ဇွန် ၂၉ ရက်တွင် တယ်လီဂရမ်ပေါ်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရုရှားအထူးစစ်ဆင်ရေးပြီးဆုံးမည့် ခန့်မှန်းခြေရက်ကို သတ်မှတ်ထားခြင်းမရှိကြောင်း ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် နေတိုးမက်ဒရစ်...
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးတွင် ပါဝင်သည့် ရုရှားတပ်ဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၏ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ရုရှားတပ်များ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့ Slovyanskတွင် စစ်အင်အား...
မော်စကို၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားအစိုးရမီဒီယာက ဇွန် ၁၇ ရက်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်စဉ် ပျောက်ဆုံးနေသည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ဦး၏ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ အဓိကဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဖြစ်သည့် Gazprom က နှစ်စဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိသောကြောင့် တူရကီ Stream ပိုက်လိုင်း မှတဆင့် ပို့လွှတ်နေသော ပိုက်လိုင်းနှစ်ခုစလုံးကို လာမည့် ဇွန် ၂၁ ရက်မှ ၂၈ ရက်အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဇွန်...
မော်စကို ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် အီရန်နိုင်ငံသမ္မတ အီဗရာဟင်ရိုင်စီ( Ebrahim Raisi) တို့သည် စီးပွားရေး နှင့် ကုန်သွယ်ရေးစီမံကိန်းများ ပူးတွဲ အကောင်အထည်ဖော်ရန် အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တသမတ်တည်းမြှင့်တင်ရန် နှစ်ဖက်ဘုံအသင့်ရှိကြောင်းကို ဇွန် ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သမ္မတပူတင်...
မော်စကို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့သို့ ဦးတည်ပျံသန်းသော ၎င်း၏ လေယာဉ်ခရီးစဉ် ဟန့်တားပိတ်ဆို့ခံရခြင်းနှင့်ပတ်သက်၍ ဆားဗီးယားပတ်ပတ်လည်ရှိ အိမ်နီးချင်းနိုင်ငံများ၏ “ မထင်မှတ်ထားသော ဆုံးဖြတ်ချက်များ” အပေါ် ဇွန် ၆ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။
ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရုရှားသည် ယူကရိန်း၏ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် နှောက်ယှက်ခြင်းမကြောင်း၊ စားနပ်ရိက္ခာ အကျပ်အတည်း ပိုမိုပြင်းထန်လာသည်ဟု ရုရှားအပေါ် အနောက်တိုင်းနိုင်ငံများ၏ ပြစ်တင်မှုက ၎င်းတို့အနေဖြင့် တာဝန်လွှဲချရန်သာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က ဇွန် ၃ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။